close

ကိုပါအမေရိကဖလား

close

July 20, 2021

ပင်နယ်တီလွဲချော်အပြီး လှောင်ပြောင်ခဲ့သည့် မက်ဆီကို အပြစ်မတင်ဟု မီနာပြော

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာကို မက်ဆီက လှောင်ပြောင်ခဲ့ပေမယ့် အပြစ်တင်ဖို့မရှိကြောင်း ကိုလံဘီယာနောက်ခံလူ ရာယီမီနာက ပြောပါတယ်။ 

အဲဗာတန် နောက်ခံလူ မီနာဟာ အာဂျင်တီးနားနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာ လွဲချော်ခဲ့ပါတယ်။ 

အဲဒီလိုလွဲချော်ပြီးနောက်မှာ မက်ဆီက “အခု ကလိုက်ပါဦး။ ဘာလို့ မကနိုင်တော့တာလဲလို့” ထပ်ခါထပ်ခါ အော်ဟစ်ခဲ့ပြီး ပင်နယ်တီလွဲခဲ့တဲ့ မီနာကို လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

မီနာဟာ ဥရုဂွေးနဲ့ ကွာတားဖိုင်နယ်မှာလည်း ပင်နယ်တီကန်သွင်းခဲ့ပြီး ဂိုးဝင်ပြီးတဲ့နောက်မှာ လက်မကိုပါးစပ်နဲ့ စုပ်ပြီးနောက် အကပုံစံတစ်ခုနဲ့အောင်ပွဲခံခဲ့ပါတယ်။

မက်ဆီအနေနဲ့ အဲဒီလို အလွန်အကျူးအောင်ပွဲခံခဲ့တဲ့ မီနာကို ပြန်လည်လှောင်ပြောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မက်ဆီနဲ့ ဖြစ်ခဲ့တဲ့ကိစ္စက ဘောလုံးမှာဖြစ်တတ်ပါတယ်။ ဘာစီလိုနာနဲ့ သူနဲ့ဆုံခဲ့ပြီး ကျနော့်ကိုလည်း အားပေးခဲ့ဖူးတဲ့အပေါ် ကျေးဇူးတင်ပါတယ်။ ကျနော် လီယိုကို အမြဲတမ်းလေး စားပါတယ်။ ကျနော်တို့ဟာ ကိုယ့်နိုင်ငံအသင်းတွေအတွက် အကောင်းဆုံးကာကွယ်ပေးခဲ့ကြတဲ့ သူတွေပါပဲ” လို့ မီနာက ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

12 hours Ago
Up