close

ကိုဖိုးစိုင်း

close

December 11, 2021

နတ္တလင်းမြို့ Silent Strike ကို ဒရုန်းဖြင့်မှတ်တမ်းတင်သူကို စစ်တပ်က ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် Silent Strike မြင်ကွင်းကို ကောင်းကင်ကနေ ဒရုန်းနဲ့ ရိုက်ကူးတဲ့  လူငယ်တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ  သေနတ်နဲ့ ပစ်ခဲ့တယ်လို့ နယ်မြေရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

ဒရုန်းရိုက်ကူးသူ ကိုဖိုးစိုင်းကို စစ်ကောင်စီတပ်သားတွေက မနေ့ညက သူနေထိုင်ရာအိမ်ကို သွားရောက်ဖမ်းဆီးတာဖြစ်ပြီး ရဲစခန်း စစ်ကြောရေးမှာ အရာရှိ စစ်ဗိုလ်တယောက်က ပစ္စတိုသေနတ်နဲ့ ပစ်ခဲ့တာလို့ ဆိုပါတယ်။

“ညက ဖြစ်တာ နတ္တလင်းရဲစခန်းထဲမှာ သူ့အဖေပါ လိုက်သွားတာ။ သေနတ်နဲ့ ခြေထောက်ကို ပစ်တာ။ တဖက်ကနေ ဖောက်ပြီး နောက်တဖက်ကိုပါ ထိသွားတာ။ ခြေထောက်နှစ်ဖက်လုံး သေနတ်ဒဏ်ရာရသွားတာပေါ့။ ဘယ်ခြေထောက်ကို စထိတာလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး၊ အခုတော့ ပြည်မြို့က ခုတင် ၁၀၀ စစ်ဆေးရုံကို ပို့ထားတယ်။ အခြေအနေတော့ မသိရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒရုန်းရိုက်ကူးသူ ကိုဖိုးစိုင်းဟာ အသက် ၂၅ နဲ့ ၃၀ ကြားခန့်ရှိပြီး နတ္တလင်းပန်းခြံကို ဒီဇိုင်း ရေးဆွဲပေးခဲ့သူ ဖြစ်ပြီး နတ္တလင်းမြို့ သာယာလှပရေးအတွက် We Love Nattalin အမည်နဲ့ ပန်းခြံနဲ့ ပရဟိတတွေကို ဦးဆောင်ပြုလုပ်ခဲ့သူတယောက်လည်း ဖြစ်တယ်လို့ သိပါတယ်။

1 min Ago
Up