close

ကိုဖီးလစ်(ခ)ကိုကျော်စွာဝင်း

close

March 28, 2022

မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ၁ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ မန္တလေး သပိတ်အင်အားစု က စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ တယောက်  မတ်လ ၂၇ ရက် နေ့လယ် ၂ နာရီ လောက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

တက်ကြွလှုပ်ရှားသူ ကိုဖီးလစ် (ခ) ကိုကျော်စွာဝင်းဟာ  ပြည်ကြီးတံခွန်မြို့နယ် စက်မှုဘက်မှာ ဖမ်းခံရတာဖြစ်ပြီး  သပိတ်အင်အားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။

ကိုဖီးလစ်ရဲ့သူငယ်ချင်းဖြစ်သူက  “သူနဲ့ အဆက်အသွယ်ပြတ်တာ ၂ နာရီ  လောက်ကြာတော့  ဖုန်းအဆက်အသွယ်ရတယ်။ ဖုန်းကိုင်တာ သူမဟုတ်ဘူး။ တခြားသူနဲ့ ဆက်စပ်တဲ့သူတွေကိုလည်း ဖုန်းတွေဆက်ပြီး လာခေါ်ခိုင်းတာတွေ လုပ်တယ်။ ဖမ်းခံရတယ်ဆိုတာ သေချာတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကိုဖီးလစ်ကို စစ်ကောင်စီကဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ ဖမ်းဆီးထားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

2 mins Ago
Up