close

ကိုဗစ်ကပ်ရောဂါ

close

April 21, 2023

ဂျပန်တွင် ကိုဗစ်ကပ်ရောဂါ နဝမလှိုင်း အခြေအနေပိုဆိုးနိုင်ကြောင်း သတိပေး

နိုင်ငံတချို့မှာ စတင်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ မျိုးစိတ်အသစ်က ဂျပန်နိုင်ငံမှာ နဝမလှိုင်းအဖြစ် ဖြစ်ပွားလာနိုင်ပြီး အခုတကြိမ်မှာ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကာ ကူးစက်မှုလွယ်ကူပြီး သက်ကြီးရွယ်အိုတွေအများစု ကူးစက်ခံရရင် သေဆုံးနိုင်ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်တွေက ဧပြီ ၂၀ ရက်မှာ ဒေသတွင်း မီဒီယာတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက ဒသမလှိုင်းနဲ့ ပတ်သက်ပြီး စာတမ်းပြုစုနေတဲ့အချိန်မှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေ မြင့်တက်လာတယ်လို့  NHK သတင်းဌာနက ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါ နဝမလှိုင်းဟာ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ စတင်ဖြစ်ပွားခဲ့တဲ့ အဋ္ဌမလှိုင်းထက် ပိုမိုဆိုးရွားလာနိုင်ပြီး သက်ကြီးရွယ်အိုတွေ သေဆုံးနိုင်တဲ့အထိ ဖြစ်ပွားနိုင်ကြောင်းကို သတိပေးချက်မှာ ဖော်ပြထားပါတယ်။

သက်ကြီးရွယ်အိုအများစုကို ကာကွယ်ဆေး ထပ်မံထိုးနှံပေးဖို့ ကျန်းမာရေးဌာနတွေကို တိုက်တွန်းထားပြီး နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးအစား ခွဲခြားမှုကို မေလမှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရောဂါကာကွယ်ရေး စီမံချက်တွေ၊ ရောဂါကန့်သတ်ချက်တွေ ပြန်လည်လုပ်ဆောင်ဖို့ ဒေသတွင်းက သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းထားပြီး ကိုဗစ်ကပ်ရောဂါပိုးရဲ့ မျိုးစိတ်သစ်တွေကို ခွဲခြားမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

11 mins Ago

March 2, 2023

ရန်ကုန်တွင် ရုပ်ရှင်ကြည့်သူ မရှိသလောက်နည်းပါးသဖြင့် ရုပ်ရှင်ရုံအချို့ အပြီးပိတ်

ရန်ကုန်မြို့မှာ ရုပ်ရှင်ရုံတွေကို စစ်ကောင်စီက အတင်းအကျပ် ပြန်လည်ဖွင့်လှစ်စေခဲ့တာ အချိန် ၁ နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ လာရောက်ကြည့်ရှုအားပေးတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ မရှိသလောက် နည်းပါးနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ၂၀၂၀ ပြည့်နှစ်က စပိတ်ထားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီက ပြည်သူတွေ ပုံမှန်သွားလာနေတဲ့ ပုံရိပ်ရရှိဖို့ ရုပ်ရှင်ရုံတွေကို အတင်းအကျပ် ပြန်လည်ဖွင့်ခိုင်းခဲ့ပေမဲ့ ယနေ့အထိ လာရောက်ကြည့်ရှုသူ နည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေ လာရောက်ကြည့်ရှုမှု နည်းပါးတာကြောင့် ရုပ်ရှင်ရုံတွေဟာ အရှုံးပေါ်နေပြီး တချို့ရုပ်ရှင်ရုံတွေဆိုရင် အပြီးပိတ်လိုက်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိ ရန်ကုန်ရှိ နဝဒေးရုပ်ရှင်ရုံနဲ့ ဝဇီယာရုပ်ရှင်ရုံတို့ဟာ အပြီးပိတ်လိုက်ရတဲ့အပြင် မြို့နယ်အလိုက် ဖွင့်လှစ်ထားတဲ့ တချို့ရုပ်ရှင်ရုံငယ်တွေဟာလည်း ယနေ့တိုင် ပြန်လည်ဖွင့်လှစ်နိုင်တာမရှိဘဲ အပြီးပိတ်လိုက်ရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိ ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံတွေဟာလည်း လျှပ်စစ်မီးပျက်တာများနေတာကြောင့် လက်မှတ်ခဈေးနှုန်းတွေကို တိုးမြှင့်ခဲ့ရပြီး လက်မှတ်တစောင်ကို အနည်းဆုံး ကျပ် ၂,၀၀၀ ကနေ စတင်ရောင်းချနေရကာ စုံတွဲခုံဆိုရင်တော့ ကျပ် ၅,၅၀၀ အထိ တိုးမြှင့်ရောင်းချနေရတယ်လို့ သိရပါတယ်။

2 months Ago
Up