close

ကိုဗစ်ကူးစက်ခံရ

close

July 30, 2021

ဆရာဝန်အချို့ ကိုဗစ်ကူးစက်ခံရသဖြင့် ကနီပြည်သူ့ဆေးရုံ ယာယီပိတ်

ကနီမြို့နယ်ပြည်သူဆေးရုံက ဆရာဝန်ကြီးနဲ့ဓာတ်ခွဲဆရာဝန်တို့ ကိုဗစ်-၁၉ တွေ့ရှိတာကြောင့် ဆေးရုံကို ဇူလိုင် ၂၉ ရက် ညနေပိုင်းက ယာယီပိတ်လိုက်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ဆေးရုံဝန်ထမ်းတဦးက “ကနီမြို့နယ်ဆေးရုံက ဆရာဝန်ကြီးနဲ့ ဓာတ်ခွဲဆရာမကြီး P ထိတာ။ ကျန်တဲ့ ဝန်ထမ်းတွေက contact ဆိုတော့ အကုန်းလုံး Quarantine ဝင်ရတယ်။အဲဒါကြောင့် ဇူလိုင် ၂၉ ရက်ညနေပိုင်းမှာ ကုသမှုတွေ အကုန်ရပ်ဆိုင်းလိုက်ရတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

ကနီမြို့နယ်တစ်ခုလုံး စစ်ကောင်စီက တပ်ရင်း ၃ ရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံအလုံးအရင်း တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီလို ထွက်ပြေးနေရတာမို့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်ဖို့ မဖြစ်နိုင်တာကြောင့် ရောဂါကူးဆက်တာလည်း  မြင့်တက်နေတယ်လို့ သိရပါတယ်။

ကနီမြို့နယ်အတွင်း ဇူလိုင် ၂၉ရက်အထိ ကိုဗစ်-၁၉ ရောဂါရှိသူ ၈၈ ဦး ရှိနေပြီး သေဆုံးသူ ၂ ဦး ရှိနေပါတယ်။

နယ်မြေမအေးချမ်းတာကြောင့် ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ မစစ်ဆေးနိုင်သလို လူသေဆုံးတာလည်း တရက်ထက် တရက် မြင့်လာနေတယ်လို့ ကနီမြို့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

13 mins Ago

June 30, 2021

သာစည်တွင် ဘိလပ်မြေစက်ရုံဝန်ထမ်း ၅ ဦး ကိုဗစ်ကူးစက်ခံရ၊ မိတ္ထီလာခရိုင်တွင် အတည်ပြုလူနာ ၃၃ ဦး ရှိလာ

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ရွာမှာ ဇွန် ၂၉ ရက်ညနေက ကိုယ်အပူချိန်မြင့်မားနေတဲ့ ဘိလပ်မြေစက်ရုံဝန်ထမ်း  ၅ ဦးကို RDT test kit နဲ့ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စက်ရုံမှာ ကိုယ်အပူချိန်တိုင်းတော့ အပူချိန်မြင့်နေလို့ သာစည်မြို့နယ်ဆေးရုံမှာ စစ်ခိုင်းတာ ကိုဗစ်-၁၉ positive အဖြေထွက်တယ်။ ဆေးရုံသီးသန့်အဆောင်မှာပဲ ဆေးကုနေတယ်။" 

သာစည်မြို့နယ် ပြည်ညောင်ရွာရှိ ဘိလပ်မြေစက်ရုံက အငယ်တန်းစာရေး ဝန်ထမ်းအမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးနဲ့ လက်ထောက်အင်ဂျင်နီယာ အမျိုးသား ၁ ဦး ပေါင်း ၅ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။

မိတ္ထီလာခရိုင်ထဲမှာ ကိုဗစ်အတည်ပြုလူနာ သာစည်က ၇ ဦး၊ မိတ္ထီလာ ၁၁ ဦး၊ မလှိူင် ၉ ဦး၊ ဝမ်းတွင်း ၆ ဦး၊ စုစုပေါင်း ၃၃ ဦးရှိပြီလို့ သိရပါတယ်။

1 month Ago
Up