close

ကိုဗစ်ကူးစက်မှုပျံ့နှံ့

close

December 9, 2021

စပါးအသင်းတွင် ကိုဗစ်ကူးစက်မှုပျံ့နှံ့ နေပြီး ပွဲကစားရန် ၁၁ ဦးသာ ကျန်ရှိ

ပရီးမီးယားလိဂ်ကလပ် တောတမ်ဟမ်ဟော့စပါးအသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးပျံ့နှံ့မှု များပြား နေပြီး ပွဲကစားဖို့ ကစားသမား ၁၁ ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ 

ကနဦးအစ အသင်းသား ၇ ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာကနေ စတင်ပြီးနောက် အသင်းရှိ ကစားသမား နဲ့ ဝန်ထမ်းအတော်များများကို ဆက်ပြီး ကူးစက်ခဲ့တာပါ။ 

စပါးအသင်းဟာ ဒီကနေ့ညမှာ ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်အနေနဲ့ ပြင်သစ်ကလပ် ရင်းနက်နဲ့ ကစားဖို့ရှိပေမယ့် ပွဲကစားဖို့ ၁၁ ဦးသာကျန်ရှိတော့တာကြောင့် ပွဲရွှေ့ဆိုင်းဖို့ရှိပါတယ်။ 

နည်းပြကွန်တီဟာလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ၁ဝ မိနစ်သာဖြေကြားခဲ့ပြီး အသင်း အတွင်းမှာ ကိုဗစ်ပျံ့နှံ့မူက ကြောက်စရာကောင်းပြီး မိသားစုဝင်တွေလည်း ရှိတာကြောင့် ပွဲရွှေ့ဆိုင်းပေးဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။ 

“တစ်ယောက်မှာ ကိုဗစ်ပိုးတွေ့လိုက် နောက်တစ်ယောက်တွေ့လိုက်နဲ့ မနက်ဖြန်မှာ တခြားသူလား၊ ဝန်းထမ်းတစ်ယောက်ယောက်လား၊ ကျနော့်ကို ကူးစက်မှာလားဆိုတာ စိုးရိမ်နေရတယ်” လို့ ကွန်တီကဆိုပါတယ်။ 

ဒီအခြေအနေကြောင့် ရင်းနက်နဲ့ပွဲအပြင် ဘရိုက်တန်နဲ့ အဝေးကွင်းမှာကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းသွားရဖို့ ရှိနေပါတယ်။ 

30 seconds Ago
Up