close

ကိုဗစ်ကူးစက်သူ ၅ သောင်း

close

February 25, 2022

ထိုင်းတွင် တရက်တည်း ကိုဗစ်ကူးစက်သူ ၅ သောင်းနီးပါး စံချိန်တင်မြင့်တက်

ထိုင်းနိုင်ငံမှာ တစ်နေ့တည်း ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၄၇၄၄၁ ဦးရှိပြီး ဒီနှစ်ထဲမှာ အများဆုံးအဖြစ် စံချိန်တင်သွားပါတယ်။ 

အဆိုပါကူးစက်သူတွေမှာ RT-PCR နည်းနဲ့ စစ်ဆေးပြီး တွေ့ရှိသူ ၂၄၉၃၂ ဦး၊  ATK နည်းနဲ့ စစ်ဆေးတွေ့ရှိသူ ၂၂၅၀၉ ဦး စုစုပေါင်း ၄၇၄၄ ဦး၊ သေဆုံးသူ ၄၁ ဦး ရှိတာကြောင့် ဒီ ၂၀၂၂ ခုနှစ်ထဲမှာ အများဆုံးတွေ့ရှိမှုအဖြစ် စံချိန်တင်သွားတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ကွပ်ကဲထိန်းချုပ်ရေးဗဟိုကော်မတီက ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ကူးစက်မှုအများဆုံးခရိုင်မှာ ဘန်ကောက်၊ စမွတ်စခွန်း၊ ချွန်းပူးရီး၊ လယောင်း၊ ပထုန်ဌာနီတို့ ဖြစ်ပါတယ်။ 

ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၉၅၈၄၇ ဦး၊ သေဆုံးသူ ၁၁၂၀ ဦး၊ သက်သာပျောက်ကင်းသူ ၄၃၇၈၆၅ ဦး၊  ကုသမှုခံယူနေဆဲ ၁၉၀၁၁၀ ဦးရှိကြောင်း၊ တကမ္ဘာလုံးကူးစက်မှုအခြေအနေမှာ ထိုင်းနိုင်ငံက အဆင့် ၃၂ မှာ ရောက်ရှိနေတယ်လို့   ထိုင်းကိုဗစ်အခြေအနေကွပ်ကဲရေးဗဟိုကော်မတီက ထုတ်ပြန်ထား ပါတယ်။ 

53 seconds Ago
Up