close

ကိုဗစ်ခြေရာကောက်မှု

close

September 5, 2021

နိုင်ငံရေးအသုံးချ ကိုဗစ်ခြေရာကောက်မှုအပေါ် သမ္မတ ပူတင် ဝေဖန်

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ရာနေရာကို ခြေရာကောက်ရာမှာ  နိုင်ငံရေး အသုံးချတာဟာ မယုံကြည်ထိုက်တဲ့ ကောက်ချက် အဆုံးသတ်ကိုသာ ဦးတည်စေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ 

ရုရှားအရှေ့စွန်း ဗလာဒီဗိုစတော့ခ်မြို့မှာ စက်တက်ဘာ ၃ ရက်က ကျင်းပတဲ့ ခြောက်ကြိမ်မြောက် အရှေ့ဘက် စီးပွားရေးဖိုရမ်ရဲ့ မျက်နှာစုံညီအစည်းအဝေးအတွင်း ပြောလိုက်တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ရာ အဦးအစကို စုံစမ်းစစ်ဆေးတာဟာ အချက်အလက် ဓမ္မဓိဋ္ဌာန်ကျမှုကို အခြေခံရမှာဖြစ်ပြီး နိုင်ငံရေးအသုံးချတာကတော့ ကမ္ဘာကြီးကို အမှန်တရား ကနေ ဝေးကွာ စေလိမ့်မယ်လို့ ပူတင်က ဆက်ပြောပါတယ်။

ကပ်ဘေးနဲ့သူ့ရဲ့ သက်ရောက်မှုကို တိုက်ဖျက်ရေး အားထုတ်မှုတွေကို ညီညွတ်အောင် လုပ်ဖို့နဲ့ နိုင်ငံရေးအသုံးချမယ့် ချဉ်းကပ်မှုတွေကို လက်လျှော့ဖို့ဟာ လူတိုင်းအတွက် အရေးပါတယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။

အရှေ့ဘက် စီးပွားရေးဖိုရမ်ဟာ စနေနေ့မှာ ပြီးဆုံးခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ ပြောင်းလဲခြင်းအောက်က ကမ္ဘာ့အရှေ့စွန်းအတွက် အခွင့်အရေးများ ဖြစ်ပါတယ်။ 

၂၀၁၅မှာ ပူတင်က စတင်တည်ထောင်ခဲ့တဲ့ ဒီဖိုရမ်ဟာ ကမ္ဘာ့ အရှေ့စွန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ပညာရှင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေကြား ဆွေးနွေးဖို့ အရေးပါတဲ့ ဖိုရမ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

12 hours Ago
Up