close

ကိုဗစ်ဆေး

close

February 24, 2022

ကိုဗစ်ဆေးထိုးသည့်ကစားသမားများကို အရေးယူမည်ဟု ရိုမေးနီးယားကလပ် စည်းကမ်းထုတ်

ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ ကစားသမားတွေကို အရေးယူမယ်လို့ ရိုမေးနီးယားထိပ်သီးကလပ် စတူအာဘူခါရတ် အသင်းဟာ စည်းကမ်းချက်ထုတ်ထားပါတယ်။ 

ကလပ်အသင်းပိုင်ရှင်ဖြစ်သူ စီးပွာရေးနဲ့ နိုင်ငံရေးသမား ဘက်ကယ်လီအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကြောင့် ကစားသမားတွေ အင်အားဆုတ်ယုတ်နေရတယ်လို့ ယုံကြည်နေတာကြောင့် ကာကွယ်ဆေးထိုးတဲ့သူတွေကို ပွဲပယ်ပြစ်ဒဏ်ချဖို့ ဆုံးဖြတ်ထားပါတယ်။  

ကာကွယ်ဆေးထိုးတဲ့သူတွေဟာ ဆေးရုံမှာ အသက်ဆုံးရှုံးနေကြတာကို အသင်းပိုင်ရှင်ကထောက်ပြခဲ့ပြီး ဆေးထိုးပြီးသားကစားသမားတွေဟာလည်း မောပန်းမှုခံစားရပြီး ခြေစွမ်းမပြနိုင်တော့ကြောင်း အသင်းပိုင်ရှင်က ပြောပါတယ်။ 

“ခင်ဗျားတို့အတွက်ရယ်စရာဖြစ် နိုင်ပေမယ့် ကျနော်ပြောတာကအမှန်ပါပဲ။ ဆေးထိုးပြီးသား ကစားသမားတွေက အားမရှိကြတော့ဘူး။ ဒါက သိပ္ပံနည်းကျတဲ့ အရာတစ်ခုပါ။ ကလုချ်နဲ့ ရစ်ပတ်ဘူခါရတ်တို့ ပွဲစဉ်မှာဆိုရင် ကစားသမားတွေဟာ ကွင်းထဲမှာအိပ်ချင်နေကြသလိုနဲ့အားနည်းနေကြတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေ အားလုံးက သူတို့ရဲ့ခွန်အားတွေ ဆုံးရှုံးလိုက်ရတယ်။”

ဘူဂေးလ်ရီးယားကလပ် လူဒိုဂိုရက်စ်ကနေ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး ကတ်ဆာယူဟာ ကိုဗစ်ကာကွယ်ဆေးထိုးခဲ့တာကြောင့် အမြင့်ဆုံးခြေစွမ်း ပြသနိုင်တော့မှာမဟုတ်ကြောင်း၊ ဒါပေမယ့် ပိုင်ရှင်ဖြစ်နေလို့ စာချုပ်ပါအတိုင်း လုပ်ခလစာတော့ ပေးချေထားရမှာဖြစ်ကြောင်း စတူအာဘူခါရတ် အသင်းပိုင်ရှင်ဘက်ကယ်လီကပြေ ာသွားပါတယ်။ 

ရိုမေးနီးယားနိုင်ငံဟာ ဥရောပမှာ ကာကွယ်ဆေး ဒုတိယအနည်းဆုံး ထိုးနှံထားတဲ့ နိုင်ငံဖြစ်ပြီး  AstraZeneca ကိုဗစ်ဆေး ၁ သန်းလောက်က သက်တမ်းကုန်သွားတာကြောင့် ဖျက်ဆီးရမယ်လို့ အခုလအတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

7 mins Ago

December 22, 2021

ဖိုက်ဇာနှင့် မာ့ခ်ကုမ္ပဏီတို့က ထုတ်လုပ်သည့် ကိုဗစ်ဆေး FDA ခွင့်ပြုရန်ရှိ

ဖိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ မာ့ခ်ကုမ္ပဏီတို့က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဆေး၊ သောက်ဆေးတွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံရေးဌာန FDA က ဒီဇင်ဘာ ၂၂ ရက်မှာ ခွင့်ပြုပေးဖို့ရှိတယ်လို့ ဘလွန်းဘာ့ဂ်သတင်းမှာ ရေးပါတယ်။

ဖိုက်ဇာကုမ္ပဏီထုတ် ပက်စ်လိုဗစ် ဆေးတောင့်အပါအဝင် ဆေး ၂ မျိုးဟာ ကိုဗစ်-၁၉ ကူးစက်လို့ ဆေးရုံတက်ရတာ၊ သေဆုံးတာမျိုးကို ဟန့်တားဖို့ အိမ်မှာတင် သောက်သုံးနိုင်တဲ့ ကုထုံးသစ်အဖြစ် အလာအလာ ကောင်းနေတယ်လို့ ရှုမြင်ခံထားရပါတယ်။

မာ့ခ်ကုမ္ပဏီက ထုတ်တဲ့ မိုနူပီရာဗီယာ ဆေးကတော့ နေမကောင်းဖြစ်တဲ့ အစောပိုင်းကာလမှာ ဘေးများတဲ့ လူနာတွေကို လက်တွေ့စမ်းသပ်ရာမှာ ဆေးရုံတင် ကုသရနှုန်းနဲ့ သေဆုံးနှုန်းကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးတာ တွေ့ရပါတယ်။

ဒီဆေးကို သုံးခွင့်ပြုရေးနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၃၀ ရက်က FDA ရဲ့ အကြံပေးအဖွဲ့က မဲပေးရာမှာ မဲနည်းနည်း အသာရခဲ့ပါတယ်။

ဖိုက်ဇာရဲ့ ပက်စ်လိုဗစ်ဆေးကတော့ အန္တရာယ်များတဲ့ လူနာတွေမှာ ဆေးရုံတင်နှုန်းနဲ့ သေဆုံးနှုန်းကို ဟန့်တားရာမှာ ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်တာကို ပြသခဲ့ပါတယ်။ FDA ကတော့ မှတ်ချက်တောင်းတာကို မတုံ့ပြန်ခဲ့ပါဘူး။ 

ဗြိတိန်ဟာ မာ့ခ်ရဲ့ ဆေးကို အပြင်းအထန် ဖျားနာဖို့ ရောဂါအခံလို အန္တရာယ်အနည်းဆုံး တခုရှိသူတွေ၊ ကိုဗစ်-၁၉ အနုစားနဲ့ အလတ်စား ဝေဒနာခံစားရတဲ့ လူနာတွေအတွက် သုံးနိုင်တဲ့ဆေးအဖြစ် နိုဝင်ဘာလက ပထမဆုံး အတည်ပြုပေးခဲ့ပါတယ်။

အမေရိကန်ကတော့ မာ့ခ်ဆီက ဆေးလုံး ၅ သန်းနဲ့ ဖိုက်ဇာဆီက ဆေးလုံး ၁၀ သန်းဝယ်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ပြီးပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

2 months Ago
Up