close

ကိုဗစ်ပိုးတွေ့

close

April 24, 2023

ထိုင်းနိုင်ငံမှ ကော့သောင်းသို့ ပြန်ပို့ခံရသူများထဲက ၉ ဦး ကိုဗစ်ပိုးတွေ့ရှိ

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၁၇၁ ဦးကို ထိုင်းအစိုးရက ဧပြီ ၂၄ ရက် ဒီနေ့မနက် ၁၂ နာရီ‌မှာ ရနောင်းမြို့ ဆိပ်ကမ်းကနေ နေရပ်ပြန်လည်ပို့ဆောင်ခဲ့ပြီး အဲဒီအထဲက ၉ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ကြက်ခြေနီအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေမှာ အမျိုးသား ၁၂၆ ဦးနဲ့ အမျိုးသမီး ၄၅ ဦး၊ စုစုပေါင်း ၁၇၁ ဦးဖြစ်ပြီး ကော့သောင်းမြို့မ ဆိပ်ခံတံတားမှာ မြို့နယ်အာဏာပိုင်တွေက ကိုဗစ်စစ်ဆေးတာ၊ စာရင်းဇယားပြုစုတာနဲ့ အသိပညာပေးတာ‌တွေ လုပ်‌ဆောင်ခဲ့ပြီး ၉ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့လို့ ကော့သောင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ ကော့သောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုနှစ်အတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့အချုပ်ကနေ မြန်မာနိုင်ငံကို အချုပ်လွတ် နေရပ်ပြန်ပို့တာ သုံးကြိမ်ရှိပြီး စုစုပေါင်း ၉၅၇ ဦးရှိတယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက် ည ၈ နာရီကနေ ၂၃ ရက် ည ၈ နာရီအထိ နိုင်ငံတဝန်း ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာ ၄၅ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြင်ဦးလွင်မှာ ၃၄ ဦး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ၂ ဦးနဲ့ မြောဥက္ကာလာပ၊ အင်းစိန်၊ တာမွေ၊ သာကေတနဲ့ အလုံမြို့နယ်တို့မှာ ၁ ဦးစီ၊ မြိတ်မြို့မှာ ၄ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

10 hours Ago

February 17, 2022

သီပေါ အထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့ ၊ ၂ ရက်အတွင်း ၂၂ ဦး ကူးစက်ခံနေရ

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့က အထက -၂ မှာ ဖေဖော်ဝါရီ ၁၇ ရက် ဆေးစစ်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးတွေ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

      ကျောင်းမှာ ဒီနေ့ ဆရာ/ဆရာမ၊ ကျောင်းသူ၊ကျောင်းသားတွေ ၃၂ ယောက် ဆေးစစ်တာ ၁၃ ဦး ကိုဗစ်ပိုးတွေ့တာလို့ ဆိုပါတယ်။

အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁၁ ဦးနဲ့ ကျောင်းအုပ်ကြီးနဲ့ ဆရာမတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

     ဖေဖော်ဝါရီ ၁၆ ရက်ကလည်း သီပေါပြန် နန့်လန်ဒေသခံ  ၄  ဦးကို ကိုဗစ်စစ်ဆေးရာ ၃ ဦး ကိုဗစ်ပိုးတွေ့သလို တုံစင့်က အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးလဲ ကိုဗစ်ပိုးတွေ့တာကြောင့် ၂ ရက် အတွင်း သီပေါမှာ ကိုဗစ်ပိုး တွေ့သူ ၂၂ ဦးရှိနေပြီး သီပေါမြို့နယ်ဆေးရုံမှာ တက်ရောက် ကုသနေတယ်လို့ သိရပါတယ်။

1 year Ago
Up