close

ကိုဗစ်လူနာသစ်

close

September 9, 2021

ထိုင်းတွင် တရက်တည်း ကိုဗစ်လူနာသစ် ၁၆,၀၀၀ ကျော်၊ စုစုပေါင်း ၁၃ သိန်းကျော် ကူးစက်ခံရ

ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်ခံရသူ ၁၆,၀၃၁ ယောက်ရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၃ သိန်းကျော်လာခဲ့ပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကူးစက်မှုအသစ်တွေထဲက ၆၃၁ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်း ထောင်တွေကဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၁၅,၄၁၇ ယောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်ခံရပြီး သေဆုံးသူအယောက် ၂၂၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃,၇၃၁ ယောက် ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၂၃ ဒသမ ၃၈ သန်းကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၁၉၉ ဒသမ ၈၉ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၄ ဒသမ ၆ သန်းကျော် ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၉ နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ထိပ် ဆုံးမှာတော့ အမေရိကန်က ၄၁ သန်းကျော်၊ အိန္ဒိယက ၃၃ သန်းကျော်၊ ဘရာဇီးက ၂၁ သန်းနီးပါး အသီးသီး ကူးစက်ခံထားရပါတယ်။

6 months Ago

January 16, 2021

ကိုဗစ်-၁၉ လူနာသစ် ၄၉၁ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၆ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၉၁ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၆ ယောက်အနက် ၁၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၀၀၅  ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၉၁ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၇၁ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၁၂ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၅၉ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၇၇၂ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၃,၈၆၉ ယောက်၊ သေဆုံးသူ ၂,၉၄၂ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၇,၀၈၁ အယောက်  ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၄ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၂ သန်းကျော်၊ ရောက်ဂါသက်သာပျောက်ကင်းသူ ၆၇ ဒသမ ၄ သန်းကျော်ရှိလို့ သိရပါတယ်။ မန္တလေးပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ အထူးကြပ်မတ်ကုသဆောင်(ICU)
1 year Ago
Up