မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရတနာမာန်အောင်ကျောင်းတိုက်နဲ့ ပြင်စာမစိုးရိမ် ကျောင်းတိုက်တို့မှ သံဃာအပါး ၅၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှုအသင်းက သိရပါတယ်။
ဩဂုတ် ၂၁ ရက်နေ့က ပြင်စာမစိုးရိမ်ကျောင်းတိုက်မှ သံဃာအပါး ၂၀ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ပြီး အဲ့ဒီကျောင်းတိုက်မှာ ဒီနေ့အထိ သံဃာ ၄၄ ပါး ကိုဗစ်ပိုး တွေ့ရှိထားပါတယ်။
ရတနာမာန်အောင်ကျောင်းတိုက်ကတော့ သံဃာ ၂၈ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တယ်လို့ ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့ သံဃာအပါး ၄၀ ကျော်ကို ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးက တောင်စလင်းကျောင်းတိုက်ရှိ ကိုဗစ် ၁၉ ကုသရေးစင်တာကို ပို့ဆောင်ခဲ့ ကြပါတယ်။
ပြင်ဦးလွင်မြို့မှာ ဩဂုတ် ၂၁ ရက်က ကိုဗစ် ၁၉ ရောဂါပိုး သံသယရှိသူ ၈ သေဆုံးခဲ့ပြီး ပိုးကူးစက်ခံရသူ ၅ ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားပါတယ်။
Photo- ပြင်ဦးလွင် နာရေးကူညီမှုအသင်း
ထိုင်းနိုင်ငံ၊ အယုဒ္ဓယဆေးရုံမှာ အရေးပေါ်လူနာတင်ယာဉ်မောင်း ၁၀ ယောက် အပါအဝင် ဝန်ထမ်း ၁၈ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ ဆေးရုံဒါရိုက်တာက ပြောပါတယ်။
“ခုရောဂါကူးစက်ခံရသူတွေထဲ ဆရာဝန်တွေတော့ မပါပါဘူး။ သူနာပြုနဲ့ ယာဉ် မောင်းတချို့မှာ ကူးစက်ခံထားရတာပါ”လို့ ဒေါက်တာ ချုပ်ချိုင်လီသိုချဝါလစ်က ပြောပါတယ်။
“ဆေးရုံအနေနဲ့ လူနာတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့နေရပြီး (ကိုဗစ်-၁၉) ကူးစက် နိုင်ချေ မြင့်မားတဲ့ သူတွေကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ နောက် ထပ်ကူးစက်ခံထားရသူတော့ မရှိသေးပါဘူး”
လတ်တလောမှာတော့ ရောဂါကူးစက်ခံထားရတဲ့ ဝန်ထမ်းတွေကို သီးခြားဆေး ကုသမှုပေးနေတာဖြစ်ပြီး ၂ ရက်အတွင်း ဆေးရုံဝန်ထမ်း ၁၇၀၀ ကို သလိပ်နဲ့ နှာခေါင်း Swab test စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ခုလိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာ လူနာတွေကို လည်း ပုံမှန်ဆေးကုသမှုတွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”
အယုဒ္ဓယဒေသတွင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအ သစ် ၂၀၆ ယောက်ရှိခဲ့ပြီး ဘန်ကောက်နဲ့ ဆမွတ်ပရာကန်တို့နောက် တတိယအများဆုံး ကူးစက်ခံရတဲ့ ဒေသဖြစ်နေတာပါ။
ဧပြီလ အစောပိုင်းကစတင်ကာ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုတွေ မြင့်တက် နေတဲ့ ထိုင်းနိုင်ငံတဝန်း လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၁ သိန်း ၉ သောင်း ကျော်နဲ့ သေဆုံးသူ ၁၄၀၀ ကျော် ရှိလာနေပြီ ဖြစ်ပါတယ်။