close

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ

close

May 6, 2022

ကိုဗစ်ကြောင့် သေဆုံးသူ ၁၅ သန်းခန့်ရှိဟု WHO ထုတ်ပြန်

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ တရားဝင်ဖော်ပြနေကြတဲ့ အရေအတွက်ထက် သုံးဆလောက် ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂ နှစ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ ဒသမ ၄ သန်း ရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ မေ ၅ ရက်မှာ ထုတ်ပြန်လိုက်တဲ့ WHO ရဲ့ အစီရင်ခံစာသစ်မှာတော့ ၂၀၂၁ နှစ်ကုန်အထိ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး အမှန်တကယ် သေဆုံးသူ ၁၅ သန်းလောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

လူသေဆုံးမှုစာရင်း ဒီလောက်အထိ ခုန်တက်သွားရတဲ့ အကြောင်းတခုကတေ့ာ တချို့နိုင်ငံတွေက ကိုဗစ်ကြောင့် လူဘယ်လောက်သေဆုံးသွားသလဲ ဆိုတဲ့ ကိန်းဂဏန်း အတိအကျကို မသိနိုင်တာကြောင့်လို့ ဆိုပါတယ်။

ကပ်ဘေးမတိုင်ခင် နှစ်တွေကလည်း ကမ္ဘာတဝန်းလုံးမှာ လူ ၁၀ ယောက်သေဆုံးတိုင်း ၆ ယောက်က သေစာရင်းထဲမှာ အသွင်းမခံရဘူးလို့ WHO က ဆိုပါတယ်။

အစီရင်ခံစာအရ အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးရသူ အရေအတွက် တဝက်လောက်က စာရင်းပျောက်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် အိန္ဒိယတနိုင်ငံတည်းမှာ လူပေါင်း ၄ ဒသမ ၇ သန်းလောက်အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒါဟာ အိန္ဒိယအစိုးရရဲ့ တရားဝင်ကိန်းဂဏန်းဖြစ်တဲ့ လူ ၅ သိန်း မပြည့်တဲ့ သေဆုံးစာရင်းထက် အများကြီးပိုနေတာ တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေဟာ ဒီစာရင်းကိုရဖို့ လပေါင်းများစွာ အချိန်ယူ တွက်ချက်ထားတာပါ။

စာရင်းဟာ ခိုင်လုံလေးနက်ပြီး ကပ်ဘေးကာလအတွင်း နိုင်ငံတွေအနေနဲ့ အခြေခံကျန်းမာရေးစနစ်ကို ပိုပြီး ခိုင်မာအောင် တည်ဆောက်ဖို့ မီးမောင်းထိုးပြလိုက်တာလို့ WHO က ပြောပါတယ်။

37 mins Ago
Up