close

ကိုဗစ်-၁၉ ခြေရာခံမှု

close

August 14, 2021

နိုင်ငံရေးအသွင် ကိုဗစ်-၁၉ ဇာစ်မြစ်ခြေရာခံမှု လူမဆန်သည့်လုပ်ရပ်ဖြစ်ဟု လာအိုဝန်ကြီးချုပ်ပြော

ကိုဗစ်-၁၉ ဇာစ်မြစ်ကို ခြေရာခံတဲ့ကိစ္စကို နိုင်ငံရေးအသွင်ဖန်တီးတဲ့ လုပ်ရပ်တွေဟာ လူမဆန်တဲ့ကိစ္စ ဖြစ်ပြီး သက်ဆိုင်ရာသုတေသနပြုတာဟာလည်း သိပ္ပံနည်းကျဖြစ်သင့်တယ်လို့ လာအို၀န်ကြီးချုပ် ဖန်ခမ်ဗီဖာဝန်ကက ပြောကြားလိုက်ပါတယ်။ 

မကြာသေးမီက တရုတ်မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာ လာအိုဝန်ကြီးချုပ်ဟာ ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တိုက်ဖျက်ဖို့ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုလိုက်ပါတယ်။ 

နိုင်ငံတိုင်းက သိပ္ပံပညာရှင်တွေဟာ ရောဂါရဲ့အကြောင်းရင်းကိုရှာဖွေဖို့ အတူတကွ လုပ်ဆောင်ရမှာ ဖြစ်ပြီး ဒါမှသာ ဗိုင်းရပ်စ် ဘာကြောင့် ပေါ်လာတာလဲဆိုတာ သိနိုင်မယ်လို့ မစ္စတာဗီဖာဝန်က ပြောပါတယ်။ 

ဒါဟာ နိုင်ငံခြားရေးမူဝါဒတွေ၊ နိုင်ငံရေးမူဝါဒတွေနဲ့မဆိုင်ဘဲ သိပ္ပံနည်းကျကိစ္စတစ်ခုသာ ဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ခြေရာခံတာနဲ့ ပေါ်ပေါက်လာရတဲ့အကြောင်းရင်းကို ရှာဖွေတာ နှစ်ခုစလုံးဟာ နိုင်ငံရေးအချက်တွေမပါဘဲ သိပ္ပံကိုအခြေခံသင့်တယ်လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ်အမျိုးအစားအသစ်တွေဟာ ပိုမိုကူးစက်တတ်တယ်ဆိုကတည်းက နိုင်ငံအားလုံးဟာ သုတေသန၊ ကာကွယ်ဆေးတွေနဲ့ ဆေးဝါးထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ မူလဇာစ်မြစ် ခြေရာခံခြင်းကိုလည်း နိုင်ငံရေးအသွင်ဆောင်ခြင်းကို ရှောင်ကြဉ်သင့်တယ် ဆိုပြီး လာအိုနိုင်ငံခြားရေး၀န်ကြီးဌာနက အစောပိုင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

6 mins Ago
Up