close

ကိုဗစ်-၁၉ စမ်းသပ်ကိရိယာ

close

March 14, 2022

ပြည်တွင်းထုတ် ကိုဗစ်-၁၉ စမ်းသပ်ကိရိယာ ၁၀ မျိုးကို တရုတ် အတည်ပြု

တရုတ်နိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ တကျော့ပြန် အမြန်ကူးစက်ပျံ့နှံ့နေလို့ ရောဂါရှိမရှိ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ ပြည်တွင်းထုတ် ကိရိယာ ၁၀ မျိုးကို အတည်ပြုပေးဖို့ တရုတ်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

စမ်းသပ်ကိရိယာတွေဟာ နျူကလီးယက်ခ်အက်ဆစ် စမ်းသပ်ချက် အတွက် ထိရောက်တဲ့ ဖြည့်စွက်ချက်လို့ အမျိုးသားကျန်းမာရေးကော်မရှင် (NHC) ရဲ့ လက်တွေ့ဓာတ်ခွဲခန်း ဒုညွှန်မှူး လီကျင်းမင်က ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်မှာ ပရိုတင်းတည်ဆောက်ပုံ အဓိက ၄ ခုရှိပြီး ကူးစက်မှု အမြင့်ဆုံးအဆင့်မှာ နျူကလီယိုကပ်ဆစ်ပရိုတိန်းကို ထုတ်လုပ်တယ်။ အဲဒီပရိုတိန်းကို လည်ချောင်းကနေ ထုတ်လွှတ်တယ်။ ဒါကြောင့် အန်တီဂျင် စမ်းသပ်ချက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် ထောက်လှမ်းရာမှာ ကျနော်တို့ကို ကူညီမယ်။ အန်တီဂျင် စမ်းသပ်ချက်တွေကို လူအုပ်စု ၃ စုအတွက် စမ်းသပ်မယ်”လို့ လီက ပြောပါတယ်။

ဖျားနာသူတွေ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ တခြား ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ လက္ခဏာတွေကို ၅ ရက်ထက် လျော့နည်းပြီး ခံစားရသူလူနာတွေကို ပထမ စမ်းသပ်မှာပါ။ ဒုတိယအနေနဲ့ ကူးစက်ခံတွေနဲ့ အနီးကပ် ထိတွေ့ထားလို့ ရောဂါခြေချုပ်နဲ့ နေရသူတွေကို စမ်းသပ်မှာ ဖြစ်ပြီး တတိယအနေနဲ့တော့ လိုအပ်ချက်ရှိတဲ့ သာမန်လူတွေအတွက် စမ်းသပ်မယ်လို့ လီက ပြောပါတယ်။

အန်တီဂျင် စမ်းသပ်ချက်တွေကို အတည်ပြုအပြီးမှာ ကျန်းမာရေးအရာရှိတွေဟာ လူနာဖြစ်နိုင်ခြေ ရှိသူတွေကို ဖော်ထုတ်ရာမှာ အများကြီး ပိုမြန်လာပြီး ကူးစက်မှုကို ပိုစောစော ထိန်းချုပ်နိုင်မယ်လို့လည်း လီက ပြောပါတယ်။

ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ အန်တီဂျင် စမ်းသပ်ချက်ဟာ မပူလွန်း၊ မအေးလွန်းတဲ့ သာမန် အခန်းတွင်း အပူချိန်မှာ နှာခေါင်းထဲက အရည်ကို ဂွမ်းတို့ဖတ်နဲ့ယူတဲ့ နမူနာနဲ့ သုံးပြီး စမ်းသပ်နိုင်တယ်လို့လည်း လီက ပြောပါတယ်။

3 mins Ago
Up