close

ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်

close

August 9, 2021

ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၃၀၂၇ ယောက်၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူအယောက် ၂၅၀ ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၃၀၂၇ ယောက်၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူအယောက်၂၅၀ ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၉,၂၆၉ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃၀၂၇  ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၂ဒသမ၇ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄၉၈၄ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ အယောက်၂၅၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁,၇၇၆ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၉,၅၁၆  ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။ 

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။ 

11 mins Ago

October 5, 2020

ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၉၄ ဦးတွင် ရန်ကုန်တိုင်းက ၁,၀၄၂ ဦးပါဝင် 

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၉၄ ယောက်အထဲမှာ  ၁,၀၄၂ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ ခုတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ပန်းဘဲတန်းမြို့နယ်မှာ ၁၁၅ ယောက်၊ စမ်းချောင်းမြို့နယ်မှာ ၁၀၁ ယောက်နဲ့ လှိုင်သာ ယာမြို့နယ်မှာ ၉၇ ယောက်နဲ့ အများဆုံးပါဝင်နေပြီး စုစုပေါင်း မြို့နယ် ၃၈ မြို့နယ် ပါဝင် နေတာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၂ ခုမှာ ၄၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၁၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၄ ခုမှာ ၅ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၈ ခုမှာ ၁၆ ယောက်၊ နေပြည်တော်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၄ ခုမှာ ၁၄ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၄ ခုမှာ အယောက် ၂၀၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၄ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၁၇၇၉၄ ယောက် ၊ သေဆုံးသူ ၄၁၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၁၉၅  ယောက် ရှိပြီဖြစ်ပါတယ်။
10 months Ago
Up