close

ကိုဗစ်-၁၉ ရောဂါပိုး

close

September 17, 2020

သေဆုံးလူနာ ၁၁ ဦးအနက် ၄ ဦးက သေဆုံးပြီးစစ်ဆေးရာက ရောဂါပိုးတွေ့ခဲ့ခြင်းဖြစ်

ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်တဲ့သေဆုံးပိုးတွေ့လူနာတွေထဲက ၄ ဦးဟာ သေဆုံးပြီး စစ်ဆေးရာကနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလူနာ ၄ ဦးသေဆုံးချိန်မှာ ဓာတ်ခွဲနမူနာယူစစ်ဆေးထားဆဲဖြစ်ကြောင်းနဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအဖြေရပြီးမှ ထုတ်ပြန်တာလို့ဆိုပါတယ်။ သေဆုံးလူနာစုစုပေါင်း ၅၇ ယောက်ထဲမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်ကြတဲ့ ၁၃၊ ၂၄ ၊၃၂ နှစ်အရွယ် ၃ ယောက်ပါဝင်ပြီး၊ ကျန်တဲ့သူတွေကတော့ ၄၀ အထက်တွေနဲ့ အသက်ကြီးပိုင်းတွေ ပါဝင်ပါတယ်။ "ဒီရောဂါက ကျန်းမာတဲ့ ငယ်ရွယ်သူတွေ အပိုအင်အားရှိတဲ့သူတွေကို မတိုက်ခိုင်နိုင်ပါဘူး။ ဒါပေမဲ့ အပိုအင်အားမရှိဘဲ အတိအကျနဲ့ ကိုယ့်ရဲ့ကိုယ်ခံအားနဲ့ အခြေအနေနဲ့ အတိအကျသွားနေတဲ့ သူတွေအတွက်ကတော့ ထပ်မံတိုက်ခိုက်လာရင် ခံရဖို့ရှိတယ်။ ဒါကြောင့် အဲဒီဟာ အတွက် ကျနော်တို့ အဲလိုမျိုးအပိုဆောင်းမရှိတဲ့သူတွေကို ကာကွယ်ဖို့ လိုပါတယ်။ ဒါကြောင့် အဲလို ကာကွယ်ဖို့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ကိုယ်ခံအားနည်းနေတဲ့လူတွေ နောက်ရောဂါအခံရှိနေတဲ့သူတွေ ဒုက္ခမရောက်ရဖို့အတွက် ကျနော်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါတယ်။”လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြည်တွင်းရုပ်သံ မီဒီယာတစ်ခုကနေ ပြောပါတယ်။ သေဆုံးပြီးစစ်ဆေးရာက ရောဂါတွေ့ခဲ့သူ ၄ ဦးထဲက အသက် ၂၄ နှစ်အရွယ် အမျိုးသားဟာ ၁၄ ရက်နေ့ ညကပင်သေဆုံးခဲ့တာဖြစ်ပြီး အသက် ၅၈ နှစ်အရွယ်အမျိုးသားဟာလည်း ၁၅ ရက်နေ့ မနက်က သေဆုံးခဲ့တာဖြစ်ကြောင်း၊ နောက်ထပ် ၆၄ နှစ်အရွယ်အမျိုးသမီးဟာ ၁၅ရက်နေ့ညက သေဆုံးခဲ့တာဖြစ်ပြီး၊ ၆၇ နှစ်အရွယ် အမျိုးသားကတော့ ၁၅ရက်နေ့ နေ့လယ်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။  သေဆုံးလူနာစုစုပေါင်း ၅၇ ယောက်ဟာ အသက် ၁၃ နှစ်အရွယ်ကနေ ၉၀ အရွယ်အထိ ဖြစ်ကြပါတယ်။  ဒီကနေ့ ညနေပိုင်းအထိ အတည်ပြုလူနာ ၃၉၀၀ လောက်ထဲက သေဆုံးတာ ၅၇ ယောက်ရှိပြီဖြစ်ပြီး ဒီအထဲက၆ယောက်က ပထမလှိုင်းအတွင်းသေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၅၁ ယောက်က သြဂုတ်လ ၁၆ရက်နေ့က စခဲ့တဲ့ ဒုတိယလှိုင်းအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 
10 months Ago

September 1, 2020

မကွေးမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ပြန်လာသူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မကွေးမြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်က ပြန်ဝင်လာသူ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "လူနာဟာ မကွေးမြို့နယ် လျောင်းတော်ဦး ကျေးရွာမှာနေထိုင်တာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကို ပန်းရံအလုပ်သမားသွားပို့ပြီး ပြန်လာတာဖြစ်လို့ နေအိမ်မှာ အသွားအလာ ကန့်သတ်ထားသူဖြစ်တယ်"လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအနေနဲ့ ပြည်ပကပြန်ဝင်လာသူ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရောဂါပိုးကင်းစင်သွားပြီဖြစ်ကာ အခု စတုတ္ထမြောက် ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပတယ်။ မကွေးတိုင်းမှာ  ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာသူတွေအပါအဝင်  ပြည်ပက ပြန်လာသူ ၁၃၀၀ ဦးလောက်ကိုလည်း  Facility Quarantine ထားရှိတယ်လို့  ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
10 months Ago
Up