close

ကိုဗစ်-၁၉ ရောဂါဖြစ်

close

July 21, 2021

မန္တလေးတိုင်း စစ်ကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး ဆေးရုံရောက်

မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရလို့  မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဦးမောင်ကိုဟာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီလောက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိခဲ့ကာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ခွဲစိတ်ကုသဆောင်၂ ၊ ကုတင်အမှတ် - ၁ မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ရောဂါ ပိုးတွေ့နှုန်း သိသိသာသာများလာတဲ့အပြင် ကိုဗစ်နဲ့ သေဆုံးသူဟာ တစ်ရက်ကို အယောက် ၁၀၀ လောက်ရှိတယ်လို့ ပရဟိတ အသင်းတွေဆီကနေ သိရပါတယ်။

12 hours Ago
Up