close

ကိုဗစ်-၁၉ အတည်ပြုလူနာအသစ်

close

November 22, 2021

သထုံမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၄ ဦး ထပ်တွေ့

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ်မတွေ့တာတာ  ၂ လနီးပါးရှိနေပြီဖြစ်တဲ့  မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာအသစ် ၄ ယောက် တွေ့ရှိခဲ့တယ်လို့  လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာအသစ် ၄ ယောက်ဟာ အနံ့ပျောက်လို့ သထုံမြို့က Fever Clinic မှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ လာရောက် စစ်ဆေးစဉ် ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လူနာသစ်တွေဟာ သထုံမြို့ သိမ်ကုန်းရပ်ကွက် အသက် ၄၀ နဲ့ ၆၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတွေ ဖြစ်ကြပြီးသူတို့ကို သထုံမြို့နယ် Isolation Ward 1 မှာ ပို့ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က နောက်ဆုံးအကြိမ် ကိုဗစ်လူနာတွေ့ရှိခဲ့တာ ဖြစ်ပြီး၊ အခုအခါမှာတော့ တကျော့ပြန် ကိုဗစ်လူနာအသစ်တွေ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ပေးကြဖို့ ကိုဗစ်အရေးကူညီနေသူတွေက တိုက်တွန်းပါတယ်။

စစ်ကောင်စီကတော့   Mask တပ်ဆင်သူတွေကို ဖမ်းဆီးဒဏ်ရိုက်နေသလို၊   Mask မတပ်ဆင်သူတွေကိုလည်း  ဖမ်းဆီး ဒဏ်ရိုက်နေပါတယ်။ 

9 mins Ago
Up