close

ကိုဗစ်-၁၉ Test Kit

close

April 22, 2022

ထိုင်းနိုင်ငံ လေဆိပ်အဝင် Test & Go စနစ် ဖျက်သိမ်းမည်

ထိုင်း နိုင်ငံတကာလေဆိပ်အဝင်တွေမှာ Test & Go စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုကို လာမယ့် မေ ၁ ရက်ကစ ရုပ်သိမ်းပြီး  ATK နဲ့ စစ်ဆေးတဲ့စနစ်ကို ကျင့်သုံးသွားတော့မှာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးနဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ လျှင်မြန်ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် တခြားကန့်သတ်ချက် ဖြေလျှော့မှုတွေနဲ့အတူ Test & Go စနစ်ကို ရုပ်သိမ်းဖို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကာကွယ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ပရယုတ်ကျန်အိုးချားက ဒီနေ့မနက်  အစည်းအဝေးအပြီး ထုတ်ပြန်ပြောကြားပါတယ်။

Test & Go နဲ့ RT-PCR စစ်ဆေးခြင်းစနစ် ရုပ်သိမ်းပြီး ATK စနစ် ကျင့်သုံးရာမှာ ခရီးသွားတွေအနေနဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ၊ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း ATK နဲ့ စစ်ဆေးထားပြီး ရောဂါပိုးကင်းစင်တဲ့ အထောက်အထားတွေ ပြရမယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ် သို့မဟုတ် လုံးဝမထိုးရသေးသူတွေအနေနဲ့ ပုံမှန်အတိုင်း AQ ကွာရန်တင်း ၅ ရက်ဝင်ပြီး မိမိအခြေအနေကို စောင့်ကြည့်ရမယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ ဒီနေ့ ဧပြီ ၂၂ ရက် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၂၁,၈၀၈ ဦး၊ သေဆုံးသူ ၁၂၈ ဦး၊ ATK နဲ့ စစ်ဆေးတွေ့ရှိသူ ၂၀,၆၃၅ ဦးရှိပြီး စုစုပေါင်း လူနာသစ် ၄၂,၄၄၃ ဦးရှိပါတယ်။သက်သာပျောက်ကင်းသူ ၁၉,၈၂၆ ဦးရှိကာ အဆုတ်ထဲကို ပိုးဝင်လို့ အခြေအနေဆိုးသူ ၁,၉၈၅ ဦးရှိတယ်လို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဗဟိုကော်မတီ EOC က ထုတ်ပြန်ပါတယ်။

ဒီ ၂၀၂၂ ဇန်နဝါရီလကစ ဒီနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁,၉၀၄,၆၀၃ ဦးရှိပြီး သေဆုံးသူ ၅,၈၂၂ ဦးရှိပါတယ်။

5 mins Ago

July 16, 2021

မြန်မာနိုင်ငံတွင်းရှိ ကိုရီးယားနိုင်ငံသားများကို သံရုံးက Mask နှင့် ကိုဗစ်-၁၉ Test Kit များ ပေးရန် စီစဉ်

မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ ကိုရီးယားနိုင်ငံသားတွေကို သံရုံးက နှာခေါင်းစည်း Mask တွေနဲ့ ကိုဗစ်-၁၉ Test Kit တွေ ပေးသွားဖို့ ရှိနေတယ်လို့ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဆိုပါ အစီအစဉ်ကိုတော့ လာမယ့် သီတင်းပတ်ထဲမှာ ပေးသွားဖို့ ရှိနေပြီး ဒါဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကိုရီးယားနိုင်ငံသား ၃ ယောက် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လတ်တလောအခြေအနေမှာ နေ့စဉ်ရက်ဆက်ဆိုသလို ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတွေ မြင့်တက်နေပြီး သေဆုံးမှုတွေလည်း မြင့်တက်နေတာပါ။

“မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကို သုံးသပ်ရာမှာ နိုင်ငံခြားရေး၀န်ကြီးဌာနအနေနဲ့ ထိခိုက်လွယ်အုပ်စုထဲက ပြည်သူတွေကို နှာခေါင်းစည်း Mask တွေနဲ့ ကိုဗစ်-၁၉ Test Kit တွေ ပေးဝေသွားဖို့ စီစဉ်ထားပါတယ်။”

လာမယ့်တပတ်ထဲမှာတော့ ဝန်ကြီးဌာနက အောက်ဆီဂျင်စက် ၂၆ လုံးကို မြန်မာ နိုင်ငံတွင်းက ကိုရီးယားနိုင်ငံသားတွေဆီ ပို့ဆောင်ပေးသွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ကာ စစ်အာဏာသိမ်းမှုကြောင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တော်တော်များများဟာ အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး ဆေးဝါးကုသမှုတွေ ထိန်းချုပ်ကန့်သတ်ခံထားရတာကြောင့် လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းမှာ လူနာတွေ ရောဂါကူးစက်ခံရပြီး သေဆုံးရတာတွေ၊ လိုအပ်တဲ့ အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေ၊ ဆေးရုံနဲ့ ဆေးကုသရေးစင်တာတွေ လိုအပ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့နှုန်းတွေ မြင့်တက်နေတဲ့ ရန်ကုန်မှာ နေထိုင်ကြတဲ့ ကိုရီး ယားနိုင်ငံသား ၂ ထောင်လောက် ရှိနေတယ်လို့ ဆိုပါတယ်။

9 months Ago
Up