close

ကိုဘိုတောက်

close

February 21, 2022

ညောင်လေးပင်မြို့က နိုင်ငံရေးအကျဥ်းသားဟောင်း ၁ ဦး၏ နေအိမ်ချိပ်ပိတ်ခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၀  နာရီလောက်မှာ   စစ်ကောင်စီတပ်သားတွေက လာပြီးချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့မ (၁) ရပ်ကွက်၊ အာာဇာနည်လမ်း၊ အမှတ်(၃၁) ရှိ နိုင်ငံရေးလှုပ်ရှားသူ   ကိုဘိုတောက်ရဲ့နေအိမ်ကို  ညောင်လေးပင်ရဲစခန်းက ရဲတွေ၊ ခမရ ၂၀ က တပ်သားတွေ၊ စကစခန့် ရာအိမ်မှူးနေတွနဲ့၊ ကြံ့ခိုင်ရေးပါတီဝင်တွေ ၃၀ လေလာက် ရောက်လာကြပြီး အိမ်ထဲကို သော့ဖျက်ဝင်ကာ ချိပ်ပိတ်သွားခဲ့တာဖြစ်ပါတယ်။  

ရပ်ကွက်နေပြည်သူတယောက်က  “အခုဟာက ညောင်လေးပင်မြို့နယ်ထဲမှာ ပထမဆုံးဖြစ်ပြီး သူက ၈၈၈၈ အရေးအခင်းကတည်းက နိုင်ငံရေးလုပ်ခဲ့တဲ့သူ၊ အခုနွေဦးတော်လှန်ရေးမှာလဲ ပါ၀င်ခဲ့တော့ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁၁ ရက်လောက်ကတည်းက သူ့ကို စစ်ကောင်စီတပ်က လိုက်ဖမ်းလို့ တိမ်းရှောင်နေရသူ။ နောက်တော့ အိမ်ကို လုံး၀ပြန်မလာတော့တာ။ သူ့မိသားစုလည်း တနေရာကို ထွက်ပြေးနေရတယ်။ သူ့ကို မမိရင် မိသားစုကို ဒုက္ခပေးမှာစိုးလို့ အိမ်ကိုတော့ ဒီအတိုင်း ထားခဲ့လိုက်ရတာ။ အခုတော့ ဒီနေ့ အိမ်ကိုလာ၀ိုင်းပြီး သူတို့သော့နဲ့ ပြောင်းခတ်ပြီး ချိပ်ပိတ်သွားတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အိမ်ထဲမှာ  ဘာတွေ လုပ်သွားတယ်ဆိုတာကိုတော့ဘယ်သူမှ သွားမကြည့်ရဲလို့ အတိအကျမသိရဘူးလို့ ကိုဘိုတောက်က ဒီဗွီဘီကို ပြောပါတယ်။

သူ့ကို စစ်ကောင်စီက  ကိုဗစ်-၁၉ ကျန်းမာရေးဥပဒေနဲ့ ပထမအမှုဖွင့်ထားပြီး နောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲပါ အမှုထပ်ဖွင့်ထားတယ်လို့ သိရပါတယ်၊

52 seconds Ago
Up