close

ကိုမင်းမင်းထွန်း

close

August 3, 2021

ပြည်မြို့က အန်အယ်လ်ဒီပါတီဝင် ၁ ဦးကို ဖခင်နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ကဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တဦးလည်းဖြစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ကိုမင်းမင်းထွန်းကို သူ့ဖခင်ဖြစ်သူရဲ့ နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားပါတယ်။ 

ဩဂုတ် ၃ ရက် ဒီနေ့  မနက်ပိုင်းက ဖခင်ဖြစ်သူ ဦးတင်မြင့် ကွယ်လွန်သွားလို့ နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူ့မိသားစုနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုမင်းမင်းထွန်းဟာ ပြည်မြို့ ဗိုလ်ချုပ်လမ်းမှာဖွင့်လှစ်ထားတဲ့ နာမည်ကြီး အပ်ချုပ်ဆိုင် တင်မြင့်တေလာပိုင်ရှင်  ဦးတင်မြင့်ရဲ့  သားဖြစ်ပါတယ်။ 

သူ့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးသလို ဘယ်ကို ‌ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာလည်း  မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

12 hours Ago
Up