close

ကိုမင်းသုခ

close

September 6, 2021

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို စစ်ကောင်စီက ဒီနေ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

သူ့ကို ဇွန် ၅ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ လအကြာမှာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမိန့်ချမှတ်တာလို့ သမဂ္ဂက ထုတ်ပြန်ပါတယ်။

ကိုမင်းသုခဟာ ဖောက်ခွဲရေးလုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်တယ်ဆိုပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားပါတယ်။

သူဟာ ဒဂုံတက္ကသိုလ် သင်္ချာအထူးပြု တတိယနှစ်ကျောင်းသားဖြစ်ပြီး ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်က ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

6 mins Ago
Up