close

ကိုယ့်ကိုယ်ကိုယ် သတ်သေ

close

September 6, 2022

ငါးသိုင်းချောင်းတံတားပေါ်မှ ရေထဲခုန်ချသွားသည့် အမျိုးသား ၁ ဦး၏ အလောင်းပြန်တွေ့

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ စက်တင်ဘာ ၃ ရက်က တံတားပေါ်ကခုန်ချသွားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားရဲ့ရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

ငါးသိုင်းချောင်းတံတားပေါ်က ခုန်ချသွားတဲ့ အသက် ၂၄ နှစ်အရွယ် မောင်သျှားသုစံရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက မနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး ရုပ်အနည်းငယ်ပျက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

“ရုပ်ကတော့ နည်းနည်းပျက်နေပြီ လုပ်စာရာရှိတာလုပ်ပြီးတာနဲ့ ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ရတယ် ၃ ရက်မြောက်နေ့မှာ ပြန်တွေ့တာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

တံတားပေါ်ကနေ ရေထဲခုန်ချသေဆုံးခဲ့တဲ့ မောင်သျှားသုစံဟာ ရပ်ကွက်ထဲမှာ ဒေသခံပြည်သူတွေနဲ့ ဆက်ဆံရေးကောင်းသူဖြစ်ပြီး ရေထဲခုန်ချသွားရတဲ့အကြောင်းကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လကုန်ပိုင်းမှာ ရေထဲ ခုန်ချသတ်သေတဲ့သူ ၄ ဦးထိရှိခဲ့ပြီး အဲ့အထဲက ၂ ဦးရဲ့ရုပ်အလောင်းကိုသာ ပြန်လည်ရှာဖွေနိုင်ခဲ့ကာ အသက် ၃ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ခုချိန်ထိ ပြန်ရှာမတွေ့သေးပါဘူး။

4 mins Ago

August 9, 2021

ရွှေပြည်သာတွင် စစ်သား ၁ ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ  ဩဂုတ် ၉ ရက် ဒီနေ့ ညနေ ၅ နာရီလောက်က  စစ်သားတယောက် ကိုယ့်ကိုယ်ကိုယ်  သေနတ်နဲ့ပစ်ပြီး  သတ် သေသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေပြည်သာလျှပ်စစ်ရုံးမှာ လုံခြုံရေးယူထားတဲ့ အဆိုပါ စစ်သားတယောက်ဟာ သူ့ရဲ့ ရင်ဘတ်ကို သေနတ်နဲ့ပစ်ပြီး သေသွားခဲ့တာပါ။ 

"အရက်ကြောင် ကြောင်ပြီးတော့လို့ သတ်သေသွားတာလို့သိရပါတယ်။ ကျန်တဲ့ စစ် (---) တွေက သွေးတွေရေဆေးချနေတာတွေ့တယ်။ ထန်းခြောက်ပင် လမ်းဆုံကနေ ရွှေပြည်သာကွေ့အထိ အစောင့်ချထားတာတွေရှိပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

ရွှေပြည်သာ လျှပ်စစ်ရုံးရဲ့ ခြံစည်းရိုးထောင့်မှာ သဲအိတ်တွေကာပြီး ရဲ ဒါမှမဟုတ် စစ်သား ၂ ယောက်လောက်က  လက်နက်အသင့်နဲ့  ကင်းစောင့်လေ့ရှိကြတာပါ။

1 year Ago
Up