close

ကိုယ်စားပြု

close

November 1, 2022

မော်ရိုကိုနိုင်ငံကို ကိုယ်စားပြုကစားရန် အယ်လ်ဂါဇီဆုံးဖြတ်

ဟော်လန်ကလပ်ပီအက်စ်ဗွီမှာ အငှားထွက်ကစားနေတဲ့ ဗီလာကွင်းလယ်လူ အယ်လ်ဂါဇီဟာ မော်ရိုကိုနိုင်ငံကို ကိုယ်စားပြုကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အယ်လ်ဂါဇီဟာ ၂၀၁၅ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ ဟော်လန်လက်ရွေးစင်အသင်းအတွက် နှစ်ပွဲပါဝင်ကစားခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာ ဟော်လန်အသင်းကရွေးချယ်ခြင်းမရှိတော့တာကြောင့် မော်ရိုကိုအတွက် ကိုယ်စားပြုကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မော်ရိုကိုအသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ခရိုအေးရှားအသင်းတွေနဲ့ အုပ်စု F မှာတွေ့ဆုံနေတာပါ။

အယ်လ်ဂါဇီ အနေနဲ့ ကမ္ဘာ့ဖလားကစားမယ့်မော်ရိုကို လူစာရင်းမှာပါဝင်ချင်တာကြောင့် နောက်ဆုံးလူစာရင်းတင်ရမယ့် နိုဝင်ဘာ၁၃ ရက်မတိုင်ခင် နိုင်ငံကိုယ်စားပြုပြောင်းလဲဖို့ အပြီးသတ် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ 

2 hours Ago
Up