close

ကိုယ်ဝန်ဖျက်ချမှု

close

December 10, 2022

နိုင်ဂျီးယားနိုင်ငံက တရားမဝင်ကိုယ်ဝန်ဖျက်ချမှုအစီအစဉ် ကုလစုံစမ်းစစ်ဆေးမည်

ပြန်ပေးဆွဲအဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေကို နိုင်ဂျီးရီးယားစစ်တပ်က အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခိုင်းတာတွေ စနစ်တကျ ကျူးလွန်နေတယ်တဲ့သတင်းတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က ဒီဇင်ဘာလ ၉ ရက်မှာ ပြောပါတယ်။

ဒီစွပ်စွဲချက်တွေအပေါ် အပြည့်အဝစုံစမ်းစစ်ဆေးဖို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေကို တောင်းဆိုလိုက်သလို တာဝန်ခံမှုရှိဖို့အတွက်လည်း သေချာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ဟာ နိုင်ငံရဲ့အရှေ့မြောက်ပိုင်းမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချမှု အစီအစဉ်ကို အစီအစဉ်တကျ လျှို့ဝှက်လုပ်ဆောင်လာခဲ့တာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်မှာ အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲ မုဒိမ်းကျင့်မှုကို ကြုံတွေ့ခံစားခဲ့ရတဲ့ အမျိုးသမီးကြီး၊ အမျိုးသမီးငယ် အနည်းဆုံး ၁၀၀၀၀ ကျော်အတွက် ကိုယ်ဝန်ဖျက်ချမှု အစီအစဉ် ဖြစ်ကြောင်း ဒါဇင်ပေါင်းများစွာသော မျက်မြင်သက်သေတွေနဲ့ စာရွက်စာတမ်းတွေကို ရိုက်တာက သုံးသပ် ဖော်ပြခဲ့တာပါ။

ဒီစွပ်စွဲမှုတွေကို စုံစမ်းစစ်ဆေးဖို့ ထိုက်တန်သလို လိုအပ်လာရင် ပြန်လည်ကုစားရေးကိစ္စတွေ ချက်ချင်း ဆောင်ရွက်ဖို့နဲ့ တာဝန်ခံမှု အကဲဖြတ်ချက်တွေလည်း လိုအပ်တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေကို တာဝန်ယူ ဆောင်ရွက်မယ့်သူနဲ့ တခြားအချက်အလက်တွေကိုတော့ အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပါဘူး။

နိုင်ဂျီးရီယား ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်အနေနဲ့ အစီရင်ခံစာအပေါ် စုံစမ်းစစ်ဆေးမှာ မဟုတ်သလို မှန်ကန်မှုလည်း မရှိဘူးလို့ တုံ့ပြန်ပါတယ်။ 

ဒီကိစ္စနဲ့ပက်သက်လို့ နိုင်ဂျီးရီးယားအစိုးရရဲ့  လူသိရှင်ကြား တုံပြန့်မှု မရှိသေးသလို နိုင်ဂျီးရီးယား ပြန်ကြားရေးဝန်ကြီးကိုလည်း မှတ်ချက်ပေးဖို့အတွက် ချက်ချင်းဆက်သွယ်မရခဲ့ဘူးလို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ 

8 mins Ago

January 25, 2020

ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ချီတက်ပွဲ သမ္မတထရမ့် တက်ရောက်

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ‘ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ချီတက်ပွဲ’ကို ပထမဆုံး တက်ရောက်တဲ့ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်က ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ “အသက်အတွက် ချီတက်ပွဲ” အခမ်းအနားကို နိုင်ငံတဝန်းက ထောင်ချီတဲ့ ဆန္ဒပြသူတွေ လာရောက်စုဝေးခဲ့ပါတယ်။  ဒီအခမ်းအနားကို ၁၉၇၃ ခုနှစ်က စတင်ခဲ့ပြီး နှစ်စဉ် ပုံမှန်ကျင်းပခဲ့တာပါ။ ရိုးနဲ့ ဝိတ်ဒ် စီရင်ချက်မှာ အမေရိကန် တရားရုံးချုပ်က အမျိုးသမီးတယောက်ရဲ့ ဖွဲ့စည်းပုံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန် နီးကပ်လာတာနဲ့အမျှ ကိုယ်ဝန်ဖျက်ချခွင့်ဟာလည်း ကွဲပြားမှုအဖြစ်ဆုံး ပြဿနာတွေထဲက တခု ဖြစ်ပါတယ်။  ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်သူတွေက ကိုယ်ဝန်ဖျက်ချတာဟာ ဘာသာရေး ယုံကြည်ချက်အရ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့် လှုပ်ရှားသူတွေကလည်း ဒါဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ သူတို့အနာဂတ်အတွက် ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။  သမ္မတ ထရမ့်ကတော့ “ဘုရားသခင် ပေးအပ်ထားတဲ့  ကလေးတိုင်းရဲ့ လူဖြစ်ခွင့်ကို ကာကွယ်ပေးဖို့ ဒီကနေ့ အခမ်းအနားကို တက်ရောက်တာ”လို့  ပြောခဲ့ပါတယ်။  အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၈ ရာခိုင်နှုန်းက ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရ ခွင့်ပြုသင့်တယ်လို့ ပြောဆိုကြောင်း ရိုက်တာနဲ့ Ipsos တို့ ပူးပေါင်းလုပ်တဲ့ မနှစ်က လူထုစစ်တမ်းအရ သိရပါတယ်။
3 years Ago
Up