close

ကိုယ်​ရေးအရာရှိ

close

October 10, 2021

နမခ ဒုတိုင်းမှူး၏ ကိုယ်​ရေးအရာရှိနှင့် ယာဉ်မောင်းတို့ တပ်မှထွက်ပြေး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်ရဲ့ ကိုယ်​ရေးအရာရှိနဲ့ ယာဥ်​မောင်းတို့ဟာ ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတယ်လို့  ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခု ထွက်ပြေးလာသူတွေ အဆိုအရ နမခ စစ်ဌာနချုပ်ထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးသည်တွေ၊ မိသားစု၀င်တွေကို လက်နက်တွေ တပ်ဆင်ပေးထားပြီး တပ်တွင်းရှိ အရာရှိ အရာခံ အကြပ်စစ်သည်တွေအကြား အမိန့်မနာခံမှု၊  စိတ်ဓာတ်​ပိုင်းဆိုင်ရာနဲ့ အချင်းချင်း ယုံကြည်မှုတွေ ကျဆင်း​နေ​ကြောင်းလည်း ချင်းလူ့အခွင့်အရေးအဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် နမခမှာ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို နေအိမ် အကျယ်ချုပ်ချထားကြောင်း ကြားသိရသလို စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့လည်း သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

နမခ တိုင်းမှူး အပြောင်းအလဲလုပ်ထားသလို  စစ်ဆင်ရေးအထူးအဖွဲ့မှူး နှစ်ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်တို့က လာရောက်ကွပ်ကဲနေ တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ ချင်း၊ မ​ကွေး(​ယော​ဒေသ) တွေကို ‘ဧရာဝတီစစ်ဆင်​ရေး’ အမည်နဲ့ ထိုးစစ်ဆင်ဖို့ စစ်​ကောင်စီက ပြင်ဆင်နေတယ်လို့ သိရပါတယ်။  

4 mins Ago
Up