close

ကိုရင်သာမဏေ

close

January 1, 2022

ကောလင်းမြို့၌ စစ်တပ်က ဘုန်းကြီးကျောင်းကို ပစ်ခတ်၊ ကိုရင်သာမဏေ ၁ ပါး ပျံလွန်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဇန်နဝါရီ ၁ ရက် မနက် အစောပိုင်းက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့်  မင်္ဂလာဇေယျုံကျောင်းတိုက်အတွင်းရှိ ကိုယ်ရင်သာမဏေ တပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေ ရမ်းသန်း ပစ်ခတ်တာကြောင့် ကိုရင်သာမဏေ အရှင်နန္နဒိယရဲ့ ဦးခေါင်း အနောက်ကို  ကျည်ဖောက်ထွင်းဝင်ရောက်ပြီး ပျံလွန်တော်မူသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းတိုက်အတွင်းရှိ အဆောင်တွေလည်း ပျက်စီးသွားပြီးဒေသခံ နေအိမ်တချို့လည်း လက်နက်ကြီးကျည်ဆန် ကျပြီး ပျက်စီးခဲ့တယ်လိုသိရပါတယ်။ 

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသေး ပါဘူး။ 

12 hours Ago
Up