close

ကိုရိုနာဗိုင်းရပ်စ်ဗီဇမျိုးကွဲသစ်

close

June 21, 2021

ဗြိတိန်နိုင်ငံသားများ အားလပ်ရက်အိမ်မှာသာနေထိုင်ကြရန် တရားရေးဝန်ကြီး တိုက်တွန်း

ဗြိတိန်အစိုးရဟာ နိုင်ငံသားတွေ နိုင်ငံခြားခရီးသွားဖို့ ခွင့်ပြုရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်တွေရဲ့ ခြိမ်းခြောက်မှုကို ဟန်ချက်ညီအောင် ချိန်ညှိ ထိန်းသိမ်းရမယ်လို့ တရားရေးဝန်ကြီး ရောဘတ် ဘတ်ခ်လန်းက ဘီဘီစီ သတင်းဌာနကို ဇွန် ၂၀ ရက်မှာ ပြောပါတယ်။

“ကျနော်တို့ အားလုံးဟာ ဖြစ်နိုင်တဲ့ နေရာတိုင်းမှာ နေရောင်အောက်မှာ အားလပ်ရက်ကို ခံစားချင်ကြတယ်။ ဒါပေမဲ့ ကျနော်တို့  အခွင့်အရေးနဲ့အတူ ကပ်ရောဂါ ဗီဇမျိုးကွဲတွေကို ထိန်းချုပ်ဖို့ လိုအပ်ချက်ကို ထိန်းညှိ ရမယ်”လို့ ဗြိတိန်တရားရေးဝန်ကြီးက ပြောပါတယ်။

ပြည်သူတွေ အားလုံး ကာကွယ်ဆေးထိုးပြီးချိန်ထိအောင် အားလပ်ရက်တွေကို အိမ်မှာ ကုန်ဆုံးဖို့ ဆုံးဖြတ်သင့်တယ်လို့ ပြည်သူ့ကျန်းမာရေးအရာရှိ ဆူဇန် ဟော့ပ်ကင်းစ်က ပြောပါတယ်။

ဗြိတိန်လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေက နွေရာသီမစခင် ခရီးသွား ကန့်သတ်ချက် ဖြေလျှော့ပေးဖို့ အစိုးရကို ဖိအားတိုးပေးနိုင်ရေး ဇွန် ၂၃ ရက်ကို အရေးယူရေးနေ့အဖြစ် သတ်မှတ်ဖို့ စီစဉ်နေပါတယ်။

ဗြိတိန်မှာ အရွယ်ရောက်ပြီးသား ပြည်သူ ၈၁ ရာခိုင်နှုန်းကို ကာကွယ်ဆေး ပထမအကြိမ်ထိုးဆေး ထိုးနှံပြီးစီးပြီ ဖြစ်ပြီး ၅၉ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး ထိုးဆေး ၂ လုံးစလုံး အပတ်လည်အောင် ထိုးနှံ ပြီးစီးပြီလို့ တရားဝင် သတင်းအချက်အလက်တွေက ပြထားပါတယ်။

12 hours Ago
Up