close

ကိုရီးယားပြည်သူ

close

April 1, 2022

ကိုဗစ်-၁၉ ကန့်သတ်ချက် ဖြေလျော့ပြီးနောက် ကိုရီးယားပြည်သူများ ခရီးထွက်ရန် ပြင်ဆင်

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ခဲ့ပြီးနောက် ပြည်သူတွေအနေနဲ့ ခရီးတွေထွက်ဖို့ ပြင်ဆင်နေကြပါတယ်။

တောင်ကိုရီးယားဟာ နိုင်ငံအများစုကနေ ရောက်လာတဲ့ ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ ခရီးသည်တွေအတွက် သီတင်းတပတ်ကြာ မဖြစ်မနေ ရောဂါခြေချုပ် နေရမယ့်ကာလကို မတ် ၂၁ ရက်ကစပြီး ဖယ်ရှားပေးခဲ့တဲ့အတွက် ကိုရီးယားပြည်သူတွေဟာ အတိုးချ ခရီးတွေထွက်ဖို့ ပြင်ဆင်နေကြတာပါ။

တောင်ကိုရီးယားနိုင်ငံထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ခဲ့ပြီးတဲ့နောက် အားလပ်ရက် ခရီးထွက်ဖို့ အားသန်တဲ့သူတွေနဲ့ အသွားအလာ ပိတ်ဆို့ကန့်သတ်ခံရတုန်းက အမှတ်တရတွေကို ချန်ထားရစ်ခဲ့ရသူ အယောက် ၁,၀၀၀ ကျော်ဟာ ရုပ်မြင်သံကြား အစီအစဉ်လိုင်း CJ ONSTYLE က ကြော်ငြာတဲ့ ဟာဝိုင်ယီကျွန်းဆီ အလည်အပတ် ခရီးစဉ်တွေကို ချက်ချင်း သိမ်းကျုံး ဝယ်ယူခဲ့ကြပါတယ်။

မနှစ်က ပထမဆုံးအကြိမ် ကန့်သတ်ချက် ရုပ်သိမ်းပေးပေမယ့် ကူးစက်နှုန်းမြင့်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်လာလို့ ဒီဇင်ဘာလမှာ ပြန်ကန့်သတ်ခဲ့ရတာပါ။

ခုတကြိမ်မှာတော့ ပြည်သူတွေဟာ အတိုးချ ခရီးထွက်ဖို့ အရင်တခါကထက်ပိုပြီး အသင့်ဖြစ်နေခဲ့ပါတယ်။

ခုတော့ လူတွေဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်တာ ပိုနည်းလာပြီး ကာကွယ်ရေးနည်းကို ပိုကြည့်လာတယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ပြထားပါတယ်။

4 mins Ago
Up