close

ကိုလံဘီယာ ရဲတပ်ဖွဲ့

close

April 12, 2022

မှောင်ခိုဈေးကွက်မှ တိရစ္ဆာန်အကောင်ရေ ၁၀၀၀ ကျော်ကို ကိုလံဘီယာရဲတပ်ဖွဲ့ ကယ်တင်

ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့ဟာ မှောင်ခိုစျေးကွက်မှာ တန်ကြေးအမေရိကန်ဒေါ်လာ ၁ သန်းကျော်တဲ့ တောကြောင်တွေ၊ မြွေတွေ၊ ငှက်တွေနဲ့ တခြားတိရစ္ဆာန်တွေကို ဧပြီ ၁၁ ရက်က ကယ်လိုက်နိုင်ပါတယ်။ 

စစ်ဆင်ရေးအတွင်း လူ ၂၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဒါဟာ ကိုလံဘီယာ နိုင်ငံအတွင်း ဇီဝမျိုးကွဲတွေကို ကာကွယ်ထိန်းသိမ်းဖို့ အရေးအကြီးဆုံး စစ်ဆင်ရေးကို အောင်မြင်လိုက်တာပဲလို့ အမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဟိုဟေး လူးဝစ် ဗားဂက်စ်က ပြောပါတယ်။

လိပ်၊ ကြယ်ငါးနဲ့ အဆိပ်ပြင်း အမွှေးထူ ပင့်ကူကြီးမျိုး တာရန်တူလာ တွေအပါအဝင် တိရစ္ဆာန် ကောင်ရေ ၁ ထောင်ကျော်ကို လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်တွေက စောင့်ရှောက် ထားပါတယ်။ 

ကိုလံဘီယာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲ အကြွယ်ဝဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ရဲတွေဟာ ကုန်ကူးခံရမယ့် အလားအလာရှိတဲ့ တိရစ္ဆာန် ၅၉၉၄ ကောင်ကို ကယ်ဆယ်ခဲ့ပြီးပြီလို့ ရိုက်တာ သတင်းမှာ အစီရင်ခံပါတယ်။

2 mins Ago
Up