close

ကိုအောင်ကျော်ခန့်

close

December 28, 2022

ဗကသကျောင်းသား ကိုအောင်ကျော်ခန့်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချမှတ်

အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင် သူနာပြုသင်တန်း ကျောင်းသား ကိုအောင်ကျော်ခန့်ကို ဒီဇင်ဘာ ၂၆ ရက်က စစ်ကောင်စီရဲ့  မန္တလေးအိုးဘို ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၅  နှစ် အမိန့်ချလိုက်ပါတယ်။

ကိုအောင်ကျော်ခန့်ကို  အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)  နဲ့  စစ်ကောင်စီက တရားစွဲဆို အမိန့်ချခဲ့တာလို့ ဗကသများအဖွဲ့ချုပ်က သိရပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တတ်ကြွစွာပါဝင်ခဲ့တဲ့ ကိုအောင်ကျော်ခန့်ကို စစ်တပ်က  ၂၀၂၂ ဇွန်လ ၅ ရက် ညနေပိုင်းက မန္တလေးမြို့မှာ  ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ကျော်ခန့်ဟာ သူနာပြုသင်တန်းကျောင်း(မန္တလေး)  ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပြီး မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(‌ဗကသများအဖွဲ့ချုပ်)ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ထမ်းဆောင်ဖူးတယ်လို့ ဗကသက ထုတ်ပြန်ထားပါတယ်။

9 mins Ago
Up