close

ကိုအောင်ဇော်ဦး

close

September 6, 2022

ရှမ်းပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦး ထောင်တွင်းကွယ်လွန်

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦးဟာ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ တောင်လေးလုံး အကျဉ်းထောင်မှာ သေဆုံးသွားပါတယ်။

ရှမ်းပြည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦးဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ရင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတာထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတာပါ။

ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ အပြင်းအထန်နှိပ်စက်ခံခဲ့ရပြီး နံရိုးနှစ်ချောင်း ကျိုးသွားခဲ့သလို ကျန်းမာရေးဆိုးရွားနေခဲ့တာလို့ နိုင်ငံရေးလှုပ်ရှာသူတွေဆီက သိရပါတယ်။

ကိုအောင်ဇော်ဦးဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကာလမှာလည်း ဖမ်းဆီးထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။

1 min Ago
Up