ဥရောပရဲဌာန ယူရိုပိုက နိုဝင်ဘာ ၂၈ ရက်မှာ ဥရောပရဲ့ ကိုကင်းကုန်သွယ်မှု သုံးပုံတစ်ပုံအထိ ထိန်းချုပ် နိုင်တယ်လို့ ယူဆရတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုက စီမံခန့်ခွဲတဲ့ဂိုဏ်းတစ်ခုကို ဖယ်ရှားဖို့ ညှိနှိုင်းကူညီပေးခဲ့တယ်လို့ နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ယူရိုပိုကတော့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။ မိတ်ဖက် ပါတနာတွေက ရိုက်ကူးခဲ့ပြီး စစ်ဆင်ရေးတွေကို ပြသခဲ့တယ်လို့ ဆိုထားသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့ ပါတယ်။
ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ နယ်သာလန်၊ စပိန်နှင့် ယူအေအီးတို့မှာ နိုဝင်ဘာ ၈ ရက်ကနေ ၁၉ ရက်အထိ စီးနင်းမှုအတွင်း သံသယရှိသူ စုစုပေါင်း ၄၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အေဂျင်စီက ပြောခဲ့ပါတယ်။
“သံသယရှိသူတွေရဲ့ ထိန်းချုပ်မှုနဲ့ အမိန့်ပေးမှု အောက်မှာ ဥရောပကို ကိုကင်းတင်သွင်းမှု ပမာဏဟာ ကြီးမားပါတယ်။ ယူရိုပိုရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွင်း မူးယစ်ဆေးဝါး တန်ချိန် ၃၀ ကျော် သိမ်းဆည်းရမိခဲ့တယ်”လို့ ယူရိုပိုက ပြောခဲ့ပါတယ်။
ညှိနှိုင်းဆောင်ရွက် စီးနင်းတဲ့ စစ်ဆင်ရေးကို "ကန္တာရအလင်း" လို့ နာမည်ပေးထားပြီး ၂ နှစ်တာ ကာလအတွင်း စီစဉ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပါတယ်။