close

ကိုးကန့်ရဲ

close

February 5, 2022

လောက်ကိုင်မြို့ KTV ရှေ့တွင် ပစ်ခတ်မှုဖြစ်ပြီး ကိုးကန့်ရဲ အပါအဝင် လူအချို့သေဆုံး

တရုတ် - မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ထန်ဟွေ့ KTV ရှေ့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီလောက်က  လက်နက်ကိုင်အဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ကိုးကန့်ရဲတပ်ဖွဲ့ဝင် အပါအဝင် လူတချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ်အနီး ထန်ဟွေ့ KTV ရှေ့မှာ ကိုးကန့်လက်အောက်ခံ ရဲတပ်ခွဲ (၅)၊ ပြည်သူ့စစ်နဲ့ လောပန်းနောက်လိုက်တွေ ခိုက်ရန်ဖြစ်ပြီး နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ပစ်ခတ်မှုမှာ ပြည်သူ့စစ်ဘက်က  စက်သေနတ်နဲ့ ပစ်ခတ်လို့ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ၃ ယောက်  နေရာမှာတင် ပွဲချင်းပြီး  သေဆုံးသွားပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

ကိုးကန့်သတင်းမှာတော့ ရဲတပ်ဖွဲ့ ၁ ဦးအပါအဝင် ၅  ယောက်သေပြီး ၂ ယောက် ဒဏ်ရာတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နယ်မြေ ရှင်းလင်းခဲ့တာကြောင့် ဒဏ်ရာ ရသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသတွင်း လောင်းကစားနဲ့ မူးယစ်ဆေးဝါးလောကမှာ အချင်းချင်း မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိပြီး အခု ပစ်ခတ်မှု ဘာကြောင့်ဖြစ်ပွားတယ်ဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

1 min Ago
Up