close

ကုန်တင်ကားတိမ်းမှောက်

close

August 21, 2021

ပုလဲမြို့နယ်တွင် ကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်တောပြန့်ကျေးရွာအနီးမှာ  ပဲတွေတင်ဆောင်လာတဲ့ ကုန်ကားတစ်စီး ဩဂုတ်၂၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က တိမ်းမှောက်ခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။ 

ကားမှောက်ရာမှာ ကူညီပေးနေသူတစ်ဦးက “ကျနော်တို့ရွာအနားမှာ ပဲကားတစ်စီးမှောက်တာ။ လူတစ်ယောက်သေတယ်။ တစ်ဦး ဒဏ်ရာရတယ်ဗျ။‌ မုံရွာဘက်ကို ပဲသွားပို့တဲ့ကုန်ကားပါ” လို့ပြောပါတယ်။

ပုလဲ-ဂန့်ဂေါကားလမ်းမကြီးမှာ ကားအတက်အဆင်းများစွာရှိပြီး ပုလဲမြို့နယ်အတွင်း အခုလိုမိုးရာသီမှာ ယာဉ်မတော်တဆမှောက်မှုတွေ အကြိမ်ကြိမ်ဖြစ်လေ့ ရှိပါတယ်။

5 mins Ago
Up