close

ကုန်တင်ယာဉ်

close

March 16, 2023

ထိုင်းတွင် ကုန်တင်ယာဉ်နှင့် ရဲကား တိုက်မိပြီး ရဲအရာရှိ ၃ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ့်ချန်မြို့နယ် ချင်းရိုင်-ချင်းဆည်န် ကားလမ်းပေါ်မှာ မတ်လ ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက ရဲကားနဲ့ မီးတိုင်တွေတင်လာတဲ့ ကုန်တင်ယာဥ်တစီး တိုက်မိပြီး ရဲအရာရှိ ၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မယ့်ချန်မြို့နယ်၊ ဘိုကန်းကျေးရွာအနီးမှာ  ဒီမနက်အစောပိုင်းက တိုက်မိတာဖြစ်ပြီး မီးတိုင်တွေသယ်ဆောင်လာတဲ့ ကုန်တင်ယာဥ်က အနည်းငယ်သာ ပျက်စီးခဲ့ပေမဲ့ ရဲကားကတော့ လုံးဝကိုပျက်စီးသွားပြီး ရဲအရာရှိ ၂  ယောက် နေရာတင် ပွဲချင်းပြီးသေဆုံးကာ နောက်ထပ် တစ်ယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ရဲကားပေါ်မှာ လိုက်ပါလာတဲ့ ရဲမှူး ရူန်းဂရစ်သုဝခမ်နဲ့ ရဲမှူးစီရီကန်တာတို့ဟာ အခင်းဖြစ်ရာနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ်ရဲမှူးတဦးဖြစ်တဲ့ ဖိချရဖွန်ချန်တာကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေပြီး လတ်တလောမှာတော့ ကုန်တင်ယာဥ်နဲ့ ရဲကား တိုက်မိခဲ့တဲ့အတွက် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လမ်းရှင်းနေတယ်လို့ သိရပါတယ်။

6 mins Ago

March 14, 2022

ကော့ကရိတ်- မြဝတီလမ်းပိုင်း တံတားမိုင်းခွဲခံရ၊ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ၃ ရက်ပိတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပေါ်က မိုင်းခွဲခံခဲ့ရတဲ့ တောနော်ရေတံခွန်အနီးက ကွန်ကရစ်တံတားကို ပြန်လည်ပြုပြင်နေစဉ်အတွင်း ကုန်တင်ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ၃ ရက်ပိတ်ထားမယ်လို့ သိရပါတယ်။

အာရှလမ်းမပါ်က မိုင်တိုင်အမှတ် 135 km နဲ့ 136 km ကြား (တောနော်ရေတံခွန်) က တံတား မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့အတွက် တံတားထောက်တိုင် ၂ တိုင် အနည်းငယ်ပျက်စီးခဲ့တာဖြစ်ပြီး ပြန်လည်ပြုပြင်နေတဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ  ကုန်တင်ယာဉ်တွေကို ခေတ္တပိတ်သွားမယ်လို့ လမ်းတံတားဌာနကနေ သိရပါတယ်။

လမ်းတံတား ဆောက်လုပ်ရေးဝန်ထမ်းတဦးက “တံတားက ကုန်သွယ်မှုလမ်းကြောင်းပေါ်က အရေးကြီးတဲ့ တံတားဖြစ်တယ်။ ဆက်သွယ်မှု မပြတ်တောက်အောင်တော့  တံတားပြင်နေစဉ်မှာတော့ ကုန်တင်ယာဉ်ကြီးတွေကလွဲရင် ကျန်တဲ့ကားတွေကို ဖြတ်သန်းခွင့်ပြုသွားမှာ” လို့ ဆိုပါတယ်။

မတ် ၁၁ ရက်က အဆိုပါ တံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့က မိုင်းခွဲခဲ့သလို မတ် ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြညသူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အပြင် ခရီးသည်တင်မှန်လုံယာဉ်နဲ့ ကုန်တင်ယာဉ် ၃ စီး ပစ်ခတ်မီးရှို့ခံခဲ့ရတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ရာ မတ် ၁၃ ရက်မှာ ယာဉ်ဖြတ်သန်းခွင့်တွေ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

ဘားအံမြို့ ခံယာဉ်မောင်းတဦးက “လမ်းကတော့ ဒီကနေ့ ပြန်ဖွင့်တယ်။ နိုင်ငံရေးက မကောင်းတဲ့ကြား အခုလိုတိုက်ပွဲတွေဖြစ်နေတော့ အဆင်မပြေဘူး။ ဒီကြားထဲ အသက်ကိုစွန့်ပြီး မိသားစု စားဝတ်နေရေးအတွက် အရဲစွန့်လုပ်နေရတာ။ စစ်ကောင်စီ အုပ်ချုပ်တဲ့ကာလမှာ လုပ်ကိုင်စားရတာ ဘာတခုမှ အဆင်မပြေဘူး” လို့ ဆိုပါတယ်။

မတ်  ၁၁ ရက်က နောက်ဆုံးထားပြီး ကေအန်ယူ တပ်မဟာ ၆ နယ်မြေကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ရုပ်သိမ်းဖို့ သတိပေးခဲ့ပေမယ့် စစ်ကောင်စီက မရုပ်သိမ်းတဲ့အပြင် လူအင်းအားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

1 year Ago
Up