close

ကုန်တင်ရထားမှောက်

close

November 20, 2021

ပျော်ဘွယ်မြို့နယ်၌ ကုန်တင်ရထားမှောက်ပြီး မီးရထားဝန်ထမ်း ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မိုင်တိုင်အမှတ် ၂၈၅ နဲ့ ၂၈၆ ကြား ကျောင်းကုန်း ကျေးရွာအနီးတွင် ကုန်တင်ရထားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး မီးရထားဝန်ထမ်း ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်  ညနေ ၅ နာရီခွဲလောက်က တောင်ငူမှ မန္တလေးသို့ မောင်းနှင်လာတဲ့ ကုန်ရထားဟာ ရမည်းသင်းနဲ့ ပျော်ဘွယ်ကြား ကျောင်းကုန်းကျေးရွာအနီး ရထားလမ်းမိုင်တိုင်အမှတ် ၂၈၅၊ တံတားအမှတ်၊ ၅၂၉ မှာ နွားအုပ်အားဝင်ရောက်တိုက်မိပြီး ရထားလမ်းချော်တိမ်းမှောက်သွားတာလို့ဆိုပါတယ်။

ရထားတိမ်းမှောက်ပြီး မီးရထားဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သလို ကုန်တင်ရထားတွဲတွေနဲ့  ရထားလမ်းပျက်စီးသွားတယ်လို့ သိရပါတယ်။

Photo -MOI

2 mins Ago
Up