ရုရှားနဲ့ ယူကရိန်းရဲ့ ပဋိပက္ခက ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်နေသလို တရုတ်မှာလည်း ကုန်ပစ္စည်းတွေနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
တရုတ်ဈေးကွက်မှ အရေးကြီးတဲ့ ကုန်ပစ္စည်း ၅၀ ရဲ့ ဈေးနှုန်းကို အမျိုးသားစာရင်းအင်းဌာနက ပုံမှန်စောင့်ကြည့်ခဲ့ပြီး ဖေဖော်ဝါရီလလယ်ကစပြီး ကုန်ပစ္စည်း ၂၁ မျိုးရဲ့ ဈေးနှုန်းတွေ ခုန်တက်ခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ ဈေးနှုန်းဟာ လချင်းအလိုက် ၂၈ ဒသမ ၇ ရာခိုင်နှုန်းထိ တက်နေတာပါ။
အကြီးတန်း သုတေသနအရာရှိ လူရှင်ဝေက “ရှရှားဟာ တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၆၅၀ ကမ္ဘာကို တင်ပို့နေတာပါ။ တင်ပို့နေတဲ့ နိုင်ငံအားလုံးရဲ့ ၂၅ ရာခိုင်နှုန်း အချိုးအစားရှိပါတယ်။ ဥရောပကို တင်ပို့တာ ၈၅ ရာခိုင်နှုန်း ရှိတာပါ။ယူကရိန်းကိုဖြတ်ပြီး ရုရှားကနေ ဥရောပကို တင်ပို့တဲ့ ပိုက်လိုင်းအပေါ် အများကြီး သက်ရောက်နေတာပါ။ ဥရောပက အရန်သဘာဝဓာတ်ငွေ့ ဝယ်ယူမှု မြင့်တက်လို့ LNG ဈေးနှုန်းတွေ တက်တာပါ” လို့ ပြောပါတယ်။
ရေနံစိမ်း၊ မီးသွေးနဲ့ အခြားကုန်ပစ္စည်းဈေးနှုန်းတွေကတော့ တရုတ်မှာ ၁၀ ရာခိုင်နှုန်းကျော် တက်ပါတယ်။