close

ကုန်ပစ္စည်း

close

August 20, 2022

ဘူးသီးတောင်မှ မောင်တောသို့ ကုန်ပစ္စည်းသယ်ယူခွင့် စစ်ကောင်စီပိတ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မှ မောင်တောမြို့ကို ကုန်ပစ္စည်းတွေ သယ်ယူခွင့်အား သြဂုတ် ၂၀ ရက်မှစတင်ပြီး စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောပါတယ်။

"ဟုတ်ပါတယ်။ ကျနော်တို့ ဒီနေ့မနက် ဟင်းသီးဟင်းရွက်တွေတင်ပြီး မောင်တောကိုလာကြတာ။ စစ်ဗျူဟာမှ တားဆီးပြီး ပြန်လှည့်ခိုင်းတယ်။ ကုန်တွေမပါဘဲ လူအလွတ်ဆိုရင်တော့ သွားလို့ရမယ်။ ကုန်တွေပါရင်တော့ သွားလို့မရဘူးလို့ပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်းစီ နဲ့ ရက္ခိုင်တပ်တော် အေအေတို့ သြဂုတ် ၁၃ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်တွေ-အငူမော်-မောင်တော လမ်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး အခုတဖန် ဘူးသီတောင်မြို့ကနေ မောင်တောမြို့ကို ကုန်စည်စီးဆင်းမူအား ဘူးသီးတောင်မြို့ထွက်ဝ ဗျူဟာစခန်းက တားဆီးလိုက်တာလည်းဖြစ်ပါတယ်။

ကုန်စည်စီးဆင်းမူအား အခုလို တားဆီးပိတ်ပင်ထားတာကြောင့် မောင်တောမြို့က ပြည်သူတွေ ကုန်စည်ပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။

"ဒါက အလုပ်မဟုတ်တောဘူး။ တမင်ရည်ရွယ်ချက်ရှိရှိ စားနပ်ရိက္ခာတွေဖြတ်နေတာ။ အငူမော်လမ်းမှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ရင်လည်း ဘူးသီးတောင်လမ်းမှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလေ။ အခုက လူတော့သွားလို့ ရတယ်၊ ကုန်တော့ မသယ်ရဘူးဆိုတော့ တရားလွန်သွားပြီ" လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မောင်တောဒေသကို ဖြတ်လေးဖြတ်အသုံးပြုပြီး ရက္ခိုင်တပ်တော် (အေအေ) အား အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို လူအင်အား၊ လက်နက်အင်အား အမြောက်အမြားလည်း တင်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 hours Ago

December 23, 2021

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းဝင်ရောက်မှုနည်းပြီး ကုန်ဈေးနှုန်းထပ်တက်လာနိုင်

ကရင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်က ကုန်ပစ္စည်းဝင်ရောက်မှု ထက်ဝက်ကျော် ကျဆင်းလာပြီး  ထိုင်းထွက်ကုန်တွေ ကုန်ဈေးနှုန်း ထပ်တက်လာဖို့ ရှိနေတယ်လို့ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။ 

ကရင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးအပေါ် သက်ရောက်မှု ကြီးမားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီအာရှလမ်းမကြီးကို အဓိက အသုံးပြုပြီး သွားလာနေကြတဲ့ ကုန်တင်ကားအများစုဟာ  မသွားရဲမလာရဲ ဖြစ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် မြဝတီကုန်သွယ်ရေးဇုန်မှာလည်း  ကုန်တင်ကား ရာချီ ပိတ်မိနေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

နယ်စပ်ကုန်သည် တစ်ဦးက “ လက်ရှိမှာ ထိုင်းကုန်ပစ္စည်းအခြေအနေကတော့ ဆင်းတဲ့ကား တော်တော်ကို နည်းသွားတာပေါ့နော်။ တော်တော်ကိုနည်းသွားတယ်။ လမ်းမှာဆို မရှိသလောက်ကို ကျနော်တို့ တွေ့ရတယ်။ ဥပမာ အရင်တုန်းကဆိုရင် လမ်းမှာ အစီး ၁၀၀ လောက်က တောက်လျှောက် ပျားပန်းခပ် ဟိုဘက်ဒီဘက် ရှောင်နေရတာ။ အခုကျနော်တို့ တွေ့ရတာ လမ်းမှာ ရေလာတာ ၁၅ စီးလောက်ပဲ တွေ့ရတယ် အဆင်းကို။ ပြီးရင် ဘာကြောင့်လဲမသိဘူး ကုန်သွယ်ရေးဇုန်မှာ Traffic Jam ဖြစ်ပြီး ကားတန်းကြီးပိတ်နေတာ” လို့ပြောပါတယ်။

ထိုင်းကုန်ပစ္စည်းတွေဟာ မြဝတီလမ်းကြောင်းကနေ အများဆုံး ဝင်ရောက်နေတာ ဖြစ်ပြီး အခုအခါမှာတော့ ကုန်ပစ္စည်း ဝင်ရောက်မှုက သိသိသာသာကျဆင်းလာလို့  ကုန်ပစ္စည်းဝင်ရောက် နည်းပါးလာရင် ကုန်ဈေးနှုန်းတွေ ထပ်တက်လာဖို့ ရှိတယ်လို့ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“တော်တော်တော့ နည်းသွားတယ်။ ကားသမားတွေက မတက်ရဲကြဘူးလေ။ ကုန်ဈေးနှုန်းတွေကတော့ နည်းနည်းမြင့်တက်လမှာပေါ့။ ရှိတဲ့ လက်ကျန်သမားတွေကတော့ ဈေးပိုရောင်းကြမှာပေါ့။ ဈေးတင်ပြီး ရောင်းကြမှာပေါ့။” 

ထိုင်း- မြန်မာ နှစ်နိုင်ငံဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ ကုန်ပစ္စည်းတွေကို အဓိက တင်သွင်းရောင်းချနေကြရာမှာ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အခက်အခဲ ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်စည် စီးဆင်းမှု ရပ်တန့်သွားနိုင်တယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

“ဘယ်နေ့မှာ ဘယ်တံတားကျိုးမလဲဆိုတာ ကျနော်တို့ စိုးရိမ်နေကြတယ်။ အဲလိုတံတားတွေ ဘာတွေများကျိုးခဲ့လို့ရှိရင် ကုန်စည်စီးဆင်းမှုက ရပ်တန့်သွားမှာပေါ့။ မြဝတီမှာဆိုရင်လည်း အကုန်လုံးက အခုဆိုရင် ကြောက်နေကြတယ်။ လူတွေက အရင်ကထက်စာရင် တော်တော်နည်းသွားကြပြီ။”

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

မြဝတီနယ်ကုန်သွယ်ရေးဇုန်ဟာ တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ပြီးရင် မြန်မာနိုင်ငံမှာ ကုန်သွယ်မှု အများစု ပြုလုပ်နေတဲ့ ကုန်သွယ်ရေးဇုန် တစ်ခု ဖြစ်ပါတယ်။ 

8 months Ago
Up