close

ကုန်လှောင်ရုံပြိုကျ

close

September 21, 2022

ဘရာဇီးတွင် ကုန်လှောင်ရုံတခု ပြိုကျ၊ လူ ၉ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့နားက ကုန်လှောင်ရုံတခုရဲ့ အစိတ်အပိုင်းတခုဟာ စက်တင်ဘာ ၂၀ ရက်က အောက်လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက် လာရောက်လည်ပတ်ချိန်မှာ ပြိုကျခဲ့လို့ လူကိုးယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း ဂျုံးစ် ဒိုနီဇက်ချ်နဲ့ အီလီ စန်တို့စ်တို့ဟာ ဘရာဇီးကွန်တိန်နာကုမ္ပဏီ မာတီတိုင်နာဆီ လာရောက်လည်ပတ်နေချိန်မှာ ဂိုဒေါင်ထဲက ကွန်ကရစ်အဆောက်အဦရဲ့ တစိတ်တပိုင်းက သူတို့နှစ်ယောက်နဲ့ ကုမ္ပဏီဝန်ထမ်းတွေပေါ်ကို ပြိုကျခဲ့တာပါ။

သူနဲ့ စန်တို့စ် နှစ်ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒိုနီဇက်ချ်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့ပေမဲ့ ပြိုကျမှုမှာ လူကိုးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ မီးသတ်ဌာနက ပြောပါတယ်။

လူ ၃၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂၈ ယောက်ကို အနားက ဆေးရုံတွေဆီ ပို့ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေလည်း ကျန်နေသေးတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ယုံကြည်ထားတယ်လို့ မီးသတ်ဌာနက ပြောခဲ့ပါတယ်။

52 seconds Ago
Up