ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ သီတင်း ၁၁ ပတ်တာ ကာလအတွင်း အရပ်သား ၃,၃၈၁ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး မစ်ရှင်က ပြောပါတယ်။
ယူကရိန်းမှာ စောင့်ကြည့်အရေး အဖွဲ့ဝင်တွေ ချထားတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ အဆိုအရ အရပ်သားအများစုဟာ အကြီးစား ပေါက်ကွဲမှုတွေ၊ အထူးသဖြင့် ဒုံးကျည်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ အနီးဆုံးခန့်မှန်းချက်သာ ဖြစ်ပြီး လက်တွေ့ မြေပြင်မှာ သေဆုံးသွားတဲ့ အရပ်သားဦးရေဟာ ထောင်ဂဏန်း ပိုနိုင်သေးတယ်လို့ ဂျီနီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မာရီယူပိုမြို့မှာ အရပ်သားတွေ ဘယ်လောက်သေဆုံးခဲ့သလဲ ဆိုတာကို သိနိုင်ဖို့၊ အခြေအနေကို သွားရောက်လေ့လာဖို့၊ သတင်းအချက်အလက်တွေ အပြည့်အစုံရဖို့ ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။
ရုရှားကတော့ ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက စတင်ခဲ့တဲ့ ရုရှားရဲ့ အသုံးအနှုန်း (အထူးစစ်ဆင်ရေး) အတွင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။