close

ကုလသမဂ္ဂယာဉ်တန်း

close

July 19, 2021

မင်းတပ်ပြည်သူများကို ကူညီရန် ကုလသမဂ္ဂယာဉ်တန်း ရောက်ရှိ

ချင်းပြည်နယ် မင်းတပ်မြို့က အိမ်ထောင်စု ၁၀၀၀၊ လူဦးရေ ၅၀၀၀ ကူညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ မင်းကြီးရုံး  UNHCR ယာဉ်တန်း မင်းတပ်မြို့ကို ဒီနေ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

မင်းတပ်ဒေသခံတွေကို ဇူလိုင် လ ၂၀ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တကိုယ်ရေသုံးအကာကွယ် ပစ္စည်းတွေ၊ အစားအစာမဟုတ်တဲ့ ပစ္စည်းတွေ၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေ နဲ့ နေရောင်ခြည်သုံးပစ္စည်းတွေကို ကူညီထောင့်ပံ့ပေးမှာဖြစ်ပြီး ဒါဟာ ဘက်မလိုက်သော လူသားချင်းစာနထောက်ထားမှု အကူညီလိုအပ်နေတဲ့သူတွေအပေါ် အခြေပြု လုပ်ငန်းစဉ်ဖြစ်တယ်လို့ UNHCR က သတင်းထုတ်ပြန်ပါတယ်။ 

ဖြန့်ဝေပေးမှုတွေကို UNHCR ဝန်ထမ်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေ  အကူအညီလိုအပ်နေသူ တစ်ဦးချင်းနဲ့ ရပ်ရွာလူထုကို လွှဲပြောင်းပေးအပ်မယ်လို့ ဆိုပါတယ်။ 

ဒေသခံတွေရဲ့လိုအပ်ချက်နဲ့ စိုးရိမ်မှုတွေကို သိရှိနားလည်နိုင်ဖို့အတွက်လည်း ရပ်ရွာလူထု တွေ၊ ဘာသာရေးအုပ်စုတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့ဆိုပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

12 hours Ago
Up