close

ကုလသမဂ္

close

September 13, 2022

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်ထားရေး ဆောလူထုဆန္ဒပြ (ဓာတ်ပုံ)

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်ခန့်ထားရေး မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်နေ ပြည်သူလူထုက စက်တင်ဘာ ၁၃ ရက်မှာ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဆောနဲ့ ကျောက်ထုအခြေစိုက် The Youth Force (Saw & Kyaukhtu) အဖွဲ့က  ဦးဆောင်ကျင်းပ လုံခြုံရေးယူပေးခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဆောမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တွေကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး၊ NUG အစိုးရသာ ပြည်သူ့အစိုးရ၊ စစ်အာဏာရှင်ကို လုံးဝလက်မခံစတဲ့  ကြွေးကြော်သံတွေနဲ့ ဒေသခံလူထုက ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

6 hours Ago

June 22, 2022

ဆီးရီးယားဒုက္ခသည်များ တူရကီမှ နေရပ်သို့ ပြန်နေကြရဟု ကုလကိုယ်စားလှယ်ပြော

ဆီးရီးယားဒုက္ခသည် အယောက် ၈၀၀ လောက်ဟာ အပတ်တိုင်း တူရကီကနေ သူတို့နိုင်ငံကို ပြန်လာနေကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ တူရကီကိုယ်စားလှယ် ဖီလစ်ပ်လစ်ကလဲရာက  ဇွန် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

တူရကီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်ဦးရေ အများဆုံးဖြစ်တဲ့ ဆီးရီးယားနိုင်ငံသား ၃ ဒသမ ၇ သန်းလောက်ကို လက်ခံထားတာပါ။ ဒါပေမဲ့ သူတို့ရဲ့စိတ်အခြေအနေက ပိုဆိုးရွားလာတာကြောင့် သူတို့ကိုပြန်ပို့ဖို့ အစိုးရက အစီအစဉ်တွေလုပ်နေတာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံသား ၁ သန်းလောက် အခြေချနေထိုင်ဖို့အတွက် နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ကွန်ကရစ်တုံးအိမ်တွေ ဆောက်ပေးဖို့ စီစဉ်ထားကြောင်း သမ္မတ တေယစ်ပ်အရ်ဒိုဂန်ရဲ့ အစိုးရက ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်တွေက နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုရဖို့ မဆွဲဆောင်နိုင်ခဲ့ပါဘူး။

ဆီးရီးယားရှိ ဒုက္ခသည်အများအပြား နေရပ်ပြန်ဖို့ အခြေအနေမှာ မသင့်လျော်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီမှ တူရကီကိုယ်စားလှယ် လစ်ကလဲရာက ဇွန် ၂၀ ရက်က အစ္စတန်ဘူလ်မှာပြုလုပ်တဲ့ အင်တာဗျူးမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံသား ၈၀၀ လောက်က အပတ်စဉ် ဆီးရီးယား မြောက်ပိုင်းဒေသအသီးသီးကို ပြန်လာနေကြပေမဲ့ ဆီးရီးယားနိုင်ငံသား အများစုကတော့ ဆီးရီးယားထက် သူတို့ရဲ့စီးပွားရေး အခြေအနေ ပိုကောင်းမွန်တဲ့ တူရကီမှာ ဆက်နေကြလိမ့်မယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာတဝန်းရှိ စားနပ်ရိက္ခာဖူလုံမှု ပြဿနာတွေရဲ့ ဆိုးကျိုးတွေကို ကျော်လွှားဖို့အတွက်  ရုရှား၊ ယူကရိန်း၊ တူရကီနဲ့ ကုလသမဂ္ဂတို့ဟာ ယူကရိန်း ကောက်နှံစပါး တင်ပို့မှု လုပ်နိုင်ဖို့ အရေးကြီးကြောင်းလည်း သူက ပြောသွားပါတယ်။

3 months Ago
Up