close

ကုသိနာရုံဘုရားဝင်း

close

May 31, 2021

ပုသိမ်မြို့က စစ်တပ် တပ်စွဲထားသည့် ကုသိနာရုံဘုရားဝင်းအတွင်း ဗုံးပေါက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၃၁ ရက် မနက်အစောပိုင်းက စစ်တပ် အခိုင်အမာတပ်စွဲထားတဲ့ ကုသိနာရုံဘုရားဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ပါတယ်။

ကုသိနာရုံဘုရားဝင်းမှာ  စစ်တပ်အာဏာသိမ်းမှုအပြီး စစ်သားအင်အား ၅၀ လောက်နဲ့ တပ်စွဲထားတာဖြစ်ပြီး ဒီနေ့ မနက် ၅ နာရီ ၄ မိနစ်လောက်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

" မနက်အစောကြီးပေါက်တာ အသံတော့ အကျယ်ကြီး ကြားရတယ်။ မြေကြီးတော့ မတုန်သွားဘူး ဒီတိုင်းပဲ နည်းနည်းတော့ ရှုပ်သွားတာတွေ့ရတယ်''လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်တပ် တပ်စွဲထားတဲ့ ဘုရားဝင်းထဲမှာ အခြေအနေအနည်းငယ်ရှုပ်ထွေးခဲ့ပေမယ့် မနက်ပိုင်းမှာတော့ ပုံမှန် အတိုင်းသွားလာလှုပ်ရှားနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းအပြီးနောက်ပိုင်း နေရာတော်တော်များများမှာ ဗုံးပေါက်ကွဲနေပေမဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ ကြီးကြီးမားမားမရှိသေးပါဘူး။

4 mins Ago
Up