close

ကူးစက်မှုအသစ် ၅၂၀၀

close

May 16, 2022

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅၂၀၀ ကျော်၊ အယောက် ၄၀ ထပ်မံသေဆုံး

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅,၂၃၈ ယောက်နဲ့ အယောက် ၄၀ ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ အရင်တရက်က ကူးစက်မှုအသစ် ၆,၀၉၄ ယောက်နဲ့ သေဆုံးသူ ၅၁ ယောက်ထက် ပိုပြီးတော့ လျော့နည်းလာခဲ့တာဖြစ်ပြီး လတ်တလော ကူးစက်မှုအသစ် ၅,၂၃၈ ယောက်ထဲမှာတော့ ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေထဲ က ၂ ယောက်နဲ့ ကျန်တဲ့ကူးစက်မှုတွေကတော့ ပြည်တွင်းကူးစက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၉,၁၆၈ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်းကတည်းက လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ ဒသမ ၃ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲက ၂ ဒသမ ၁ သန်းကတော့ အခုနှစ်ထဲမှာ ကူးစက် ခံရမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါပြန်လည်ပျောက်ကင်းလာသူပေါင်းကတော့ လတ်တလောအချိန်ထိ ၄ ဒသမ ၂၈ သန်း ရှိခဲ့ပြီလို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်မှာတော့ ၂၉,၅၁၂ ယောက် ရှိခဲ့ပြီး အဲဒီထဲက ၇,၈၁၄ ယောက်ကတော့ အခုနှစ်ထဲမှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု အမြင့်ဆုံးစံချိန်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၃ ရက်နေ့က ၃၁၂ ယောက် ဖြစ်ခဲ့ပြီး ရောဂါကူးစက်မှုအများဆုံးကတော့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ၂၈,၃၇၉ ယောက်နဲ့ စံချိန်တင် ကူးစက်မှု ဖြစ်နေခဲ့တာပါ။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ  Test & Go စနစ်ကို လည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

8 mins Ago
Up