close

ကူးစက်မှု မရှိသေး

close

November 30, 2021

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများထံမှ Omicron ဗိုင်းရပ်စ်အသစ် ကူးစက်မှု မရှိသေး

ထိုင်းနိုင်ငံမှာ နိုင်ငံတကာခရီးသွားဧည့်သည်တွေဆီကနေ  Omicron ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှု မရှိသေးဘူးလို့ ထိုင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

မကြာသေးခင်က တောင်အာဖရိကနိုင်ငံက ရောက်ရှိလာတဲ့ ခရီးသည် ၁၀၀၇ ယောက်ကို စစ်ဆေးတဲ့အခါမှာ   Omicron ဗိုင်းရပ်စ်အသစ်ကူးစက်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံဟာ တောင်အာဖရိကနိုင်ငံ အပါအဝင် ဘော့ဆွာနာ၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမီးဘီယား၊ ဇင်ဘာဘွေ စတဲ့ အာဖရိကတိုက်တောင်ပိုင်း ၈ နိုင်ငံက လေယာဉ်ခရီးစဉ်တွေကို ယာယီဆိုင်းငံ့အမိန့်ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံတွင်းဝင်ရောက်ဖို့ Thailand COVID Pass QR code ရရှိနေပြီးသား ခရီးသည်တွေကို ပြည်ဝင်ခွင့်ပြုပေမယ့်  ကွာရန်တင်း သီးခြားကန့်သတ် ၁၄ရက် နေထိုင်ရမှာ ဖြစ်ပါတယ်။

ကွာရန်တင်းကာလပြီးခဲ့ရင်လည်း ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးချက်ယူရမယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။ Omicron မျိုးကွဲသစ်ဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ အခုရက်ပိုင်းအတွင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။ 

ဂျပန်နဲ့ အစ္စရေးနိုင်ငံတွေကတော့ နိုင်ငံအားလုံးရဲ့ နိုင်ငံခြားသားဧည့်သည် ပြည်ဝင်ခွင့်ကို ယာယီပိတ်ပင်လိုက်ပြီး အာဖရိကတိုက်တောင်ပိုင်းနိုင်ငံတွေက လာမယ့် လေကြောင်းခရီးစဉ်တွေကို ကန့်သတ်တားမြစ်တဲ့နိုင်ငံ ၄၄နိုင်ငံ ရှိနေပြီဖြစ်ပါတယ်။​

Photo Credit- Bangkok Post

8 mins Ago
Up