close

ကူးစက်လူနာ

close

February 17, 2022

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကူးစက်လူနာဦးရေ မြင့်တက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်သူဦးရေ များလာတယ်လို့ Covid-19 operation team lashio ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက မြို့တွင်းရပ်ကွက်တစ်ချို့ နေထိုင်သူတွေနဲ့ မြို့မဈေးထဲကလူ အယောက် ၇၀၀ ကျော်ကို RDT Test Kit နဲ့ စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၃၃  ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

ကိုဗစ်ကူးစက်ရောဂါကြောင့် လတ်တလောမှာတော့ လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေသူ ၆၃ ဦးရှိနေပြီး နေအိမ်ကွာရန်တင်း ပြုလုပ်နေသူက ၂၄ ဦး ရှိနေတယ်လို့လည်း ဆိုပါတယ်။

လားရှိုးမြို့မှာ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေလူနာ အယောက် ၆၀ ရှိပြီး နိုင်ငံတဝန်းမှာတော့ ကူးစက်ခံရသူပေါင်း ၅၅၃,၅၆၄ ယောက်ရှိခဲ့ပြီလို့  စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်း ဟိုပုံးမြို့နဲ့ တောင်ကြီးမြို့တို့ဟာ ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ အများဆုံးဖြစ်ပြီး  လားရှိုးမြို့က တတိယနေရာမှာရှိနေပါတယ်။

8 mins Ago

June 26, 2020

တက္ကဆက်တွင် ကိုဗစ်-၁၉  ကူးစက်လူနာဦးရေ မြင့်တက်၊ လော့ဒေါင်း ဆက်ချ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်မှာ လော့ဒေါင်းချထားရာကနေ ပြည်နယ်ကို ပြန်ဖွင့်ဖို့  ဇွန်လ ၂၅ ရက်မှာ စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ ရော ကူးစက်လူနာဦးရေနဲ့ ဆေးရုံတင် ကုသရတဲ့လူနာတွေ မြင့်တက်လာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြန်ပိတ်လိုက်ပါတယ်။  တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၂၂  ရက် တစ်ရက်တည်းမှာတင် အတည်ပြုလူနာ ၆၀၀၀ တွေ့ခဲ့ပါတယ်။  တက္ကဆက်မှာ ၁၃ ရက်ဆက်တိုက် ဆေးရုံတင်ရတဲ့ လူနာဦးရေလည်း စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်အစိုးရ ကျွမ်းကျင်သူတွေကတော့ နိုင်ငံသား သန်း နှစ်ဆယ်ကျော် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမယ်လို့ တွက်ထားတာ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒီတပတ်အတွင်းမှာပဲ အယ်လာဘားမား၊ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ အိုင်ဒါဟို၊ မစ္စစပီ ၊ မီဆိုရီ ၊ နီဗားဒါး၊ အိုကလာ ဟားမား၊ တောင်ကယ်ရိုလိုင်နားနဲ့ ဝိုင်အိုင်းမင်း တို့မှာလည်း ကူးစက်ခံရနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
2 years Ago
Up