close

ကေအန်ဒီအို

close

August 24, 2021

တောင်ငူခရိုင်တွင် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ကေအန်ဒီအို တိုက်ပွဲဖြစ်ပွား

ပဲခူးတိုင်း​၊ တောင်ငူခရိုင်၊ ကေအန်ယူတပ်မဟာ ၂ နယ်မြေ ထန်းထပင် (ထောထတူ) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကေအန်ဒီအိုတပ်ရင်း ၄ တို့ သြဂုတ် ၂၄ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။  

အင်းအားဖြည်းတင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအန်ဒီအို  တပ်ရင်း ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တပ်ရင်း ၄ ရုံးထိုင်မှူးက အတည်ပြုပြောကြားပါတယ်။ 

ကေအန်ဒီအို  တပ်ရင်း ၄ ရုံးထိုင်မှူး ဗိုလ်ကြီးစောတာဘိုမူးက "ဒီမနက် ၆ နာရီမှာဖြစ်တာပါ။ ရေသိုးကြီးရွာအကျော် စစ်ကောင်စီတပ်ရဲ့ ကိုးဒေးစခန်းမရောက်ခင်ဖြစ်တာ။ ၁၈ မိုင်း ၃ လုံး နဲ့ကျနော်တို့ဆွဲပြီးပစ်တယ်၊ စကစက လူသစ်တွေလား ထောင်သားတွေလား မသိဘူး၊ အစုလိုက် အပြုံလိုက်ကိုသွားနေတာ။ ဆွဲမိုင်းဆွဲပြီးတာနဲ့ ရန်သူတွေ အော်သံ ညည်းသံတွေ ကြားနေရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာမှာ နာရီဝက်ကျော်ကြာ​မြင့်ပြီး စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် သေဆုံးသူစာရင်း အတိအကျ အတည်မပြုနိုင်သေးပေမယ့် အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးနိုင်တဲ့အပြင် စစ်ကောင်စီဘက်က အင်အားပိုတိုးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲပိုမိုပြင်းထန်လာဖို့ရှိတယ်လို့ တပ်ရင်း ၄ ရုံးထိုင်မှူးက ဆိုပါတယ်။ 

ကေအန်ဒီအို တပ်ရင်း ၄ ဟာ ဒေါဖခိုမြို့နယ်နဲ့ ထန်းတပင်မြို့နယ် အရှေ့ခြမ်းမှာ အခြေပြုလှုပ်ရှား​နေတာဖြစ်ပြီး သြဂုတ်လမှစတင်ပြီး စစ်ကောင်စီရဲ့တပ်တွေက အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လာတဲ့အတွက် ကေအန်ဒီအို တပ်ရင်း ၄ နဲ့ မကြာခဏရင်ဆိုင် တိုက်ပွဲတွေဖြစ်ပွားလာတာလို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

7 mins Ago

June 14, 2020

ဖာပွန်ခရိုင်တွင် ကေအန်ဒီအိုနှင့် တပ်မတော် ပစ်ခတ်မှုဖြစ်

ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်‌မြေအတွင်း ကေအန်ယူလက်အောက်ခံ ကေအန်ဒီအို နဲ့ တပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဂျေအန်စီ (ဖာပွန်) ဒုဥက္ကဋ္ဌ ဒေါ်မေးလားထူးက အတည်ပြု ပြောဆိုပါတယ်။ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ဖာပွန်အရှေ့ ဖလူးထီ ဘောထီတောင်ခြေအနီးမှာ ဇွန်လ ၁၃ ရက် မနက် ၉ နာရီလောက်က နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေါ်မေးလားထူးက ပြောပါတယ်။ “နှစ်ဖက်ပစ်ခတ်မှုဖြစ်တာ ဟုတ်တယ်။ ခဏလေးပဲ။ ဖလူးထီ ဘောထီတောင်ခြေရင်းမှာ ဖြစ်တာ။” ဖာပွန်မြို့နယ်၊ ဝှေ့ဖှုန့်ကျေးရွာ ဦးသန်းဝင်းက “တောင်ပေါ်ကနေ ဒီနေ့ စျေးဝယ်ဆင်းလာကြတယ်။ သူတို့တွေ ကြောက်ကြောက်နဲ့ လာရတာ။ စားဖို့သောက်ဖို့အတွက် မဖြစ်မနေ စျေးဝယ်လာရတယ်လေ။ လူထုလည်း ပစ်ခတ်သံကြားရင် ထိတ်လန့်နေရတုန်းပဲ”လိူ့ ပြောပါတယ်။ ဇွန် ၅ ရက်နေ့က ကေအန်ယူ၊ တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက်ပစ်ခတ်မှုတွေ၊ ခရီးသွားလာမှုနဲ့ အချိန်ကန့်သတ်မှုတွေကို ကေအန်ယူဆံဆက်ရေး တာဝန်ခံနဲ့ ဂျေအန်စီအကျိုးဆောင်တွေက ကြားဝင်စေ့စပ်ညှိနှိုင်း​ပေးမှုတွေကြောင့် ပြေလည်မှုတွေရရှိခဲ့ပါတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ​​ကေအန်ယူ တပ်မဟာ ၅ ဆက်ဆံရေးရုံး ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဆက်သွယ်မေးမြန်းရာမှာ ​ဖြစ်စဉ်နဲ့ပတ်သက်​ပြီး မသိရသေးဘူးလို့ ပြောပါတယ်။ တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ရဲမင်းခေါင်
1 year Ago
Up