close

ကေအန်ယူတပ်မဟာ ၆ နယ်မြေ

close

December 11, 2021

တပ်မဟာ ၆ တွင် စစ်ကောင်စီတပ်က ဒေသခံနေအိမ် ၃ လုံးအား မီးရှို့ ဖျက်ဆီး

ကေအန်ယူ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တောင်နောက်ဒေသ အောင်သပြေကျေးရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၈ ရက်က KNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်သပြေကျေးရွာက လူနေအိမ် ၃ လုံးကို အခြေစိုက် စကခ- ၁၉ လက်အောက်ခံ ခလရ- ၁၀၆ က မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အောင်သပြေကျေးရွာသားတစ်ဦးက “ကျနော်တို့ ရွာက အိမ် ၃ လုံးကို အကြောင်းမဲ့ မီးရှို့လိုက်တာ။ ဒေသခံတွေမှာ ဘာအပြစ်ရှိလဲ။ တိုက်ပွဲဖြစ်တိုင်း ဒေသခံတွေကို ပစ်မှတ်ထားပြီး အိမ်တွေမီးရှို့၊ လူတွေ့ရင် လူကိုဖမ်းပြီး ညှဉ်းပန်းနှိပ်စက်မယ်။ ဒေသခံတွေက ကြောက်လို့ထွက်ပြေးတော့ အိမ်ကို မီးရှို့တယ်။ လူအခွင့်အရေးချိုးဖောက်တာတွေက အများကြီးရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေအနေနဲ့ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရပြီး စပါး၊ နှမ်း ရိတ်သိမ်းချိန် ရာသီအတွင်း ထွက်ပြေးနေရတဲ့အတွက် စာဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့တပ်က နယ်မြေကျူးကျော်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့  အနီးအနားက ဒေသခံနေအိမ် ၃ လုံးကို မီးရှို့လိုက်တာလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဝင်းရေးမြို့နယ် တာဝန်ရှိသူက ပြောပါတယ်။

ဝင်းရေးမြို့နယ်အတွင်း စစ်ကောင်စီရဲ့တပ်တွေဟာ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းတာ၊ နယ်မြေကျူးကျော်ဝင်ရောက်ပြီး စခန်းတိုးချဲ့တည်ဆောက်တာ၊ စစ်ရေးလှုပ်ရှားတာ၊ ဒေသခံခရီးသွားတွေကို အကြောင်းမဲ့ စစ်ဆေးမေးမြန်းတာတွေရှိနေတဲ့အတွက် နယ်မြေခံ KNLA တပ်ဖွဲ့တွေနဲ့ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

12 mins Ago

February 6, 2020

ဒူးပလာယာခရိုင်တွင်ကျင်းပသည့် ၇၃ နှစ်မြောက်  ကရင်အမျိုးသားအစည်းအရုံးနေ့ပွဲ (ဓာတ်ပုံ) 

ကေအန်ယူတပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိခိုင်ရွာမှာ ၇၃ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့အထိမ်းအမှတ် အခမ်းအနားကို ဖေဖေါ်ဝါရီ ၅ ရက်က ကျင်းပပါတယ်။ အခမ်းအနားမှာ ကေကန်ယူဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းနဲ့ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေနဲ့ ကေအန်ယူတပ်ဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။  Photo - Phoe Darr Bo / MPA  
2 years Ago
Up